Bff

275 18 1
                                    

Unicode

"ငါ မင်းနဲ့သူငယ်ချင်းမလုပ်ချင်တော့ဘူး "

ကျွန်တော်အဲ့လိုပြောလိုက်တော့ သူက စားလက်စခေါက်ဆွဲဘူးကို စားပွဲပေါ်အားနဲ့ ဆောင့်ချလိုက်ပြီး ကျွန်တော့်ကို ပေစောင်းစောင်းနဲ့ မျက်စောင်းထိုးလာတယ် ။

"  မွေးကတည်းကပေါင်းလာတဲ့ငါ့ကိုပစ်ပြီး အသစ်တွေနဲ့ဘဲပေါင်းချင်နေတာမလား ငါသိတယ် !!  ရတယ် ငါလဲမင်းနဲ့ သူငယ်ချင်း ဆက်မလုပ်ဘူး ! "

လို့ပြောပြီး ဆိုင်ထဲကနေဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားတယ် ။ သူက ကျွန်တော့်ကို ဆိုအမြဲစိတ်ကောက်တယ် အကြောင်းပြချက်ရေရေရာရာလဲမရှိဘဲနဲ့လေ ဘာလို့ကောက်တာလဲမေးရင်လည်း မင်းမို့လို့တဲ့ ၊ သူစိတ်ကောက်တိုင်းလဲ ကျွန်တော်ကဘဲ မနေနိုင်မထိုင်နိုင်ချော့ရမြဲ ၊ ဟော အခုလဲကြည့် ကျွန်တော်ပြောတဲ့စကားကို သူလိုသလိုတွေးပြီး စိတ်ကောက်သွားပြန်ပြီ ။ ကျွန်တော် ခေါက်ဆွဲဖိုးပိုက်ဆံရှင်းပြီးတာနဲ့ သူ့နောက်ကို အပြေးလိုက်ရတော့တယ် ။ သူက လူပုသလောက် လမ်းလျှောက်တာအရမ်းမြန်တာ လျှစ်ခနဲလျှစ်ခနဲဘဲ နဲနဲသာ နောက်ကျရင် အမြီးတောင် မြင်လိုက်ရမှာမဟုတ်ဘူး ...

ရှေ့မှာတွေ့ပါပြီ နှုတ်ခမ်းကိုတစ်လံလောက်စူထားတဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်သူငယ်ချင်းလေး

" ဟျောင့် ခနနေအုံး ငါရှင်းပြမယ် " လို့ကျွန်တော်အော်ပြောလိုက်တော့သူက စူပုတ်ပုတ်မျက်နှာထားနဲ့ " ဆက်လိုက်မလာနဲ့တဲ့ ! " ကျွန်တော် သူ့စကားနားထောင်ရမယ်လေ အဲ့တာကြောင့်ပြုံးပြီးတော့ သူ့နောက် ဆက်မလိုက်ဘဲ ရပ်နေလိုက်တယ် ၊ သူ့အကြောင်း ကျွန်တော်အသိဆုံး သူ့အလိုနတ်မလိုက်နိုင်လေ ၊ ကျွန်တော် ဆက်မလိုက်လာတာကိုသိတော့ သူပြန်လှည့်ကြည့်လာတယ် ။ ပြီးတော့ မျက်ရည်လေးဝဲလာပြီး

" ဟင့် မင်းတကယ်လိုက်မလာဘူး ၊ ငါနဲ့တကယ်သူငယ်ချင်းမလုပ်ချင်တော့ဘူးလား ၊ ငါစိတ်မကောက်တော့ဘူးလေ " ဆိုပြီးပြောရင်းငိုချလာတယ် ။ သူမျက်ရည်ကျတာမြင်တော့ ကျွန်တော်မနေနိုင်တော့ဘူးလေ ၊ သူ့အနားအပြေးသွားပြီး ပါးပြင်က မျက်ရည်စလေးတွေကို လက်ဖမိုးနဲ့ သုတ်ပေးလိုက်တယ် ။

One shot Collection Where stories live. Discover now