[Unicode]
ကျွန်မဟာ အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက်ပါ ၊ လူထဲကလူတစ်ယောက်ဖြစ်တာမို့ စိတ်ခံစားချက်မျိုးစုံလဲရှိတယ် ၊ ဒါပေမယ့် စိတ်ဖိစီးမှု နဲ့ ဝမ်းနည်းမှုကို လုံးဝမခံနိုင်တာမျိုးပေါ့ ၊ လမ်းဘေးမှာ ခွေးလေးတစ်ကောင်ကို လူတစ်ယောက်က ဒုတ်နဲ့ရိုက်တာတွေ့ရင်တောင် ခွေးနေရာကနေ ဝင်ခံစားပြီး မျက်ရည်ဝဲတတ်တဲ့သူမျိုး ၊ အချစ်ရုပ်ရှင် ၊ အချစ်ဝတ္ထုဖတ်ရင်လဲ ပျော်ရွှင်စရာ အဆုံးသတ်မျိုးကိုမှ ရွေးဖတ်တတ်တဲ့သူမျိုး.. ကျွန်မ မှတ်မိပါသေးတယ် သူငယ်ချင်းတစ်ယောက်က " ဒီဝတ္ထုက သိပ်ဖတ်လို့ကောင်းတာ ကောင်လေးက ကောင်မလေးကို တုန်နေအောင်ချစ်တာ ကြည်နူးစရာလေး " တဲ့ အဲ့တာနဲ့ကျွန်မဖတ်ကြည့်လိုက်တယ် ၊ အဆုံးကျ ကောင်မလေးက ဦးနှောက်ကင်ဆာနဲ့ ဆုံးပြီးကောင်လေးက ရင်ကွဲနာကျပြီးရူးသွားခဲ့တယ်တဲ့ ။ အဲ့တုန်းက ကျွန်မ ထွက်သွားတဲ့သူနေရာကနေရော ကျန်ခဲ့တဲ့သူနေရာကနေပါ ဝင်ခံစားမိသွားတယ် ၊ အဲ့တာကျွန်မရဲ့ အကျင့်တစ်ခုဘဲ ဇာတ်ကောင်နေရာမှာကိုယ်တိုင်ဝင်ခံစားမိသွားတာမျိုးပေါ့ ..အဲ့လိုခံစားမိသွားရင် အဲ့ဇာတ်ကောင်နေရာကနေရုန်းထွက်ဖို့ အချိန်အတော်ကြာတယ် အဲ့တာကြောင့် ကျွန်မ SE ဆိုရှောင်ပါတယ်
ကျွန်မက ထွက်သွားတဲ့သူဖြစ်တယ်ဆိုပါတော့ ၊ ကျွန်မ..ကျွန်မရဲ့ချစ်ရသူကိုတစ်ယောက်ထဲထားခဲ့နိုင်မှာမဟုတ်တဲ့အတွက် သေဆုံးသွားရင်တောင် ကျွတ်လွတ်မယ်မထင်ဘူး..အကယ်၍ ကျွန်မသာကျန်ခဲ့မယ်ဆိုရင် ကိုယ်ချစ်တဲ့သူမရှိတဲ့ကမ္ဘာမှာမရှင်သန်ချင်ဘူး.. ပြီးတော့ တကယ်ချစ်တဲ့သူတိုင်းကို ပေါင်းဖက်စေချင်တယ် ဝမ်းနည်းစရာအဆုံးသတ်မရှိစေချင်ဘူး သေကွဲလဲမကွဲစေချင်သလို ၊ ရှင်ကွဲလဲမကွဲစေချင်ဘူး
ထားပါတော့ ဒါကကျွန်မရဲ့စိတ်ခံစားမှုလေးတစ်ဖြတ်ပေါ့ ...သူများတွေရဲ့ဇာတ်လမ်းကိုတောင် ကျွန်မဒီလောက်ထိခံစားနေမိရင် ကိုယ်တိုင်ကြုံတွေ့လာခဲ့ရင်ရော ကျွန်မခံနိုင်ရည်ရှိပါ့မလား...
ကျွန်မအချိန်ကိုကြည့်လိုက်တယ် နေ့လည် ၁၂ နာရီဖြစ်နေပြီဖြစ်တာကြောင့် ကျွန်မ ရေးလက်စစာအုပ်ကိုအိတ်ထဲထည့်သိမ်းပြီး စာကြည့်တိုက်ထဲက ထွက်လာခဲ့တယ်။
YOU ARE READING
One shot Collection
Romanceစိတ်ကူးပေါက်တဲ့ ဇာတ်ကြောင်းအကျဉ်းလေးတွေ ချရေးခြင်းဖြစိပါသည်။