ဂျီမင် ဆိုင်ရောက်တဲ့အထိ စိတ်မငြိမ်နိုင်သေးပါ၊သူသံပုရာရည်ဖျောက်သောက်ရင်းငြိမ်ငြိမ်လေးထိုင်နေခဲ့တာ ထယ်ယောင်းရဲ့အကြည့်တွေဟာ နဂါးသာဆိုပြာကျသွားမလားပဲ သူကထယ်ယောင်းကိုမကြည့်ဘူးဆိုပေမဲ့ သူ့ကိုကြည့်နေတာတော့သူသိပါတယ်၊ဒီကောင်လေးအရင်ထက်ပိုတောင်ရှိန်ဖို့ကောင်းလာပြီ လူကြီးအရမ်းဆန်လာတယ် နောက်ပြီး ဂုဏ်ယူဖို့လဲကောင်းလာတယ်
"ပတ်ခ်ဂျီမင်တို့များနော် တစ်ခါလေးတွေ့လိုက်ရတာများ ရင်တုန်ဖင်တုန်နဲ့ မပြောလိုက်ချင်ဘူး"
"ဟိုဆော့ မင်းကလေ ပြောလိုက်ရင် အဆုံးထိပဲ"
"ငါပြောတာမဟုတ်လို့လား အဲ့ဆံနီကောင်ကိုမင်းပဲဆက်ကြိုက်နေတာ ငါကတော့ လုံး၀ကိုကြည့်လို့မရဘူး ဘ၀င်ရူးရုပ်နဲ့ ဘေးကလဲ ဟိုငချွဲငနွှဲ့မကတစ်မျိုး စိတ်ပျစ်စရာတွေကြီး"
"ထယ်ယောင်းကအဲ့လောက်လဲ မဟုတ်ပါဘူးနော်"
"အေအေ မင်းပဲပြောနေလိုက်တော့ ငါတော့သွားပြီ"
ဟိုဆော့ ဂျီမင်ကိုရွဲ့ပြောကာ မီးဖိုချောင်အနောက်ဘက်ကိုပဲထွက်လာလိုက်တော့တယ်
"ဘယ်လောက်ပြောပြောရမှာကိုမဟုတ်ဘူး ဒီငနာကောင်လေးက"
ဟိုဆော့ ပြန်းလှမ်းကြည့်တော့ တစ်ယောက်ထဲထိုင်ကာပြုံးနေလေရဲ့ သူ့သူငယ်ချင်း ဂျီမင်လေး ရူးနေပြီ ရူးတာမှ တော်တော့်ကိုရူးနေတာ။
_____________
အိမ်တော်ကြီးရဲ့ အထဲကအနီရောင်အခန်းကြီးတစ်ခု ထိုအနီရောင်အခန်းကြီးထဲမှ ကောင်လေးတစ်ယောက်ဟာ ဓာတ်ပုံထဲမှ မျက်လုံးတွေမှိတ်တဲ့အထိပြုံးနေတဲ့ ကောင်လေးအား စူးရဲစွာစိုက်ကြည့်နေတယ် မျက်လုံးထဲမှာ ခန့်မှန်းလို့မရတဲ့ အရိပ်ယောင်တွေအပြည့်နဲ့ ထိုကောင်လေးအား ကြည့်နေခဲ့တယ်....
"တောက်စ်"
ဒုန်းးး
သူရှေ့က ၀ိုင်ခွက်တွေတင်ထားတဲ့ စားပွဲခုံကြီးတစ်ခုအား ကန်ချလိုက်လိုက်ပြီး
"ကျစ် မင်းဘာတွေ ဖြစ်နေတာလဲ ကွာ"
ကိုယ့်ကိုကိုယ်ဆဲရေးဆိုမိလိုက်တယ်၊ပတ်ခ်ဂျီမင်ကို သူမုန်းနေတာလားဆိုရင် သူခေါင်းငြိမ့်မိမည်မဟုတ် ဘာလို့ဆို သူမမုန်းခဲ့လို့လေ ဒီတိုင်း ဘေးနားမှာလိုက် ရှုပ်နေခဲ့ပြီး ကြည့်မရဖြစ်ခဲ့တာ၊သူကိုယ့်ကိုဆေးခန်းလိုက်ပို့တဲ့နေကလဲ ဟိုကောင်တွေပေါ်ပုံနေတဲ့ ဒေါသရော ဒီတိုင်း ဘ၀င်မကျတာတွေများပြီး အော်ထုတ်မိခဲ့တာ၊အဲ့နေ့ကစသူအနားမှာ ထိုလူသားအားမတွေ့တော့ မနေ့ကထိပဲ ဒီနေ့မှ ပထမဆုံးထပ်တွေ့ဖြစ်ခဲ့ကြတာ၊တွေ့တော့လဲကိုယ့်ကိုမကြည့် မသိတဲ့လူတွေလိုမျိုး ဘယ်လောက်ခံပြင်းဖို့ကောင်းလိုက်လဲဆိုတာ။
YOU ARE READING
𝐒𝐄𝐂𝐑𝐄𝐓
Fanfictionဘာတွေလွဲကုန်တာလဲ မသိပေမဲ့ ဒီချောက်နက်ထဲကနေ လွတ်လမ်းမရှိတော့တာ သေချာနေပြီ...... Park Jimin