မနက်ခင်းရဲ့ အလင်းရောင်ခြည်က မျက်နှာပေါ်သို့ဖျာထွက်လာခဲ့တာကြောင့် မျက်လုံးစူးမှုကြောင့် အိပ်ရာပေါ်မှကောင်လေးရဲ့ မျက်လုံးတွေဟာတစ်ဖြေးဖြေးပွင့်လာခဲ့တယ်
"သားငယ် ထတော့လေ အလုပ်သွားရမယ်ဆို ပါးပါးစောင့်နေမယ် ရေမိုးချိုးပြီးဆင်းလာတော့နော်"
"ဟုတ်ပါး"
ဂျီမင် ဘေးနားကနာရီကိုကြည့်မိတော့ ၇နာရီကျော်ရှိနေပြီ အိပ်ရာပေါ်မှ ထလိုက်ပြီး ပြင်ဆင်စရာရှိတာစပြင်ဆင်လိုက်တော့တယ်
"စစချင်း သွားရမှာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းလောက်မဲ့ဟာကိုပဲ ရွေး၀တ်သွားတာပေါ့"
အင်္ကျီအပြာရောင် လက်ရှည်တစ်ထည်ယူ၀တ်လိုက်ပြီး တံတောင်ဆစ်နားထိခေါက်တင်လိုက်တာ အောက်မှ အနက်ရောင်ဂျင်းဘောင်းဘီရှည်ထဲသို့ ထည့်ကာ တွဲ၀တ်လိုက်တယ်။
"ဒီလောက်ဆို အဆင်ပြေပါပြီ"
ယူစရာရှိတာယူပြီး အောက်ကိုဆင်းလာတော့ ပါးပါးက ဧည့်ခန်းထဲမှာ စာဖတ်ရင်းစောင့်နေခဲ့တယ်
"ပါးပါး သားပြီးပြီ"
"ဟုတ်ပြီ ဒါဆို သွားကြတာပေါ့"
"ဟုတ်ပါး"
ပါးနဲ့ အိမ်ကနေထွက်လာလိုက်တာ သူ့အနီလုံးလေးရှိကိုတောင်ရောက်တော့မယ် ရင်တွေကပိုခုန်လာတယ်၊တကယ်ပဲဘားမှတော့မဖြစ်ပါဘူး၊သူသေချာကြိုးစာရမှာပေါ့ ထယ်ယောင်းလဲ အချိန်တွေကြာတာ မေ့လောက်ပါပြီ။
"ရောက်ပြီ ကဲ သားလာ သွားကြမယ်"
"ဟုတ်ပါး"
သူတို့ ကုမ္မဏီထဲ၀င်လာတော့ ၀န်ထမ်းလေးတစ်ယောက်က သူတို့ကို အခန်းတစ်ခန်းရှီခေါ်သွားပေးတယ် ထယ်ယောင်းရဲ့ ရုံခန်းနဲ့တူတယ်၊ထိုအခန်းထဲမှ ထိုင်စောင့်နေတဲ့ သူ့အနီလုံးလေး
"ကျွန်တော် စောင့်နေတာ ဦးလေး"
"အေးကွာ မင်းကိုကိုက အိပ်ရာထနောက်ကျနေတာမို့ အခုမှရောက်တာ ဆောရီးကွာ"
ပါးပါးရဲ့သူ့ကိုကိုကိုလို့ ထယ်ယောင်းရှေ့မှာသုံးနှုန်းလိုက်မှုကြောင့်အားနာပြီး ထယ်ယောင်းကိုကြည့်လိုက်တော့ သူ့ကိုပြုံးယောင်သမ်းပြီး ကြည့်နေတာကြောင့် ချက်ချင်းမျက်နှာပြန်လွှဲလိုက်တယ်၊ပိုအံ့သြဖို့ကောင်းတာကအနီလုံးလေးကသူ့ကို ကိုကိုလို့ပြန်သုံးနှုန်းနေခဲ့တယ်။
YOU ARE READING
𝐒𝐄𝐂𝐑𝐄𝐓
Fanfictionဘာတွေလွဲကုန်တာလဲ မသိပေမဲ့ ဒီချောက်နက်ထဲကနေ လွတ်လမ်းမရှိတော့တာ သေချာနေပြီ...... Park Jimin