နောက်တစ်နေ့
*၂ပတ်လောက်အိမ်အောင်းခိုင်းထားတာအခုဆိုရင်၁ပတ်ကျော်နေပါပြီနော်*
မနက်ခင်းအချိန်တွင်ပြတင်းပေါက်မှမျက်နှာပေါ်၌တောက်ပစွာနေရာယူလိုက်တဲ့နေရောင်ခြည်ကြောင့်geminiတစ်ယောက်အိပ်နေရာမှနိုးသွားပါတယ်။
နိုးပြီးချက်ချင်းခေါင်းကိုဘေးသို့သာသာလေးစောင်းလိုက်ကာသူ့လက်မောင်းပေါ်၌ဆန့်ကျင်ဘက်တွင်လှည့်ကာအလွန်ပင်အိပ်မောကျနေတုံးဖြစ်တဲ့fourthကိုမြင်လိုက်သည်။
အဲ့တာကိုgeminiမြင်တော့fourthကိုအနောက်ကနေခါးကနေဖက်လိုက်ကာနားအနီးသို့ကပ်၍"အိပ်တုန်းလားbaby?"
"...."
geminiသိပါတယ်fourthကဒီလိုလုပ်လည်းမနိုးဘူးဆိုတာ။geminiလည်းဘာမှဆက်မပြောနေတော့ပဲfourthကိုဖက်ထားရာမှကွာလိုက်ပြီးfourthရဲ့ခေါင်းအောက်ထဲရှိသူ့လက်ကိုမနိုးသွားအောင်ဖြေးဖြေးလေးသာဂရုစိုက်၍ထုတ်လိုက်သည်။
ပြီးတာနဲ့fourthကိုအနမ်းလေးတစ်ပွင့်ပေးခဲ့ကာကုတင်ပေါ်သို့ထထိုင်လိုက်သည်။ရေချိုးခန်းစီသို့ဦးဆောင်ကာ၀င်လိုက်ပြီး၂၀မိနစ်လောက်အကြာမှာတစ်ကိုယ်ရေသန့်စင်ပြီးတာနဲ့ထွက်လာသည်။
သူထွက်လာသည့်အချိန်အထိfourthတစ်ယောက်တုန်တုန်တောင်မလှုပ်ပဲအိပ်နေသည်။သူထတဲ့အချိန်လောက်ကိုခန့်မှန်းရမယ်ဆိုရင်၈နာရီလောက်ရှိပြီ။
"အိပ်ပုတ်လေးပဲ.."
ပြောပြီးတာနဲ့အခန်းတံခါးလေးကိုသာသာလေးပိတ်ပြီးfourthစားရန်သွားပြင်ဆင်သည်။ပုံမှန်အားဖြင့်fourthမနက်စာကိုgeminiကအများဆုံးလုပ်ဖြစ်သည်။အကြောင်းမှာfourthကgeminiလုပ်ပေးတာတွေကိုပဲစားတာကြောင့်တခါတလေတော့geminiမအားတဲ့အချိန်ဆိုသူယုံကြည်ရတဲ့အဒေါ်ကြီးစီမှာသာအပ်ခဲ့လေ့ရှိသည်။
fourthကအဲ့နေ့တွေဆိုရင်မနက်စာကိုသိပ်မစားပါ။fourthမနိုးသေးတဲ့အချိန်တွေမှာဆိုရင်သူ့ရဲ့The Golden eyes ဂိုဏ်းကြီးကိုဆက်သွယ်ကာလုပ်ရမည့်ကိစ္စများနှင့်နှိပ်စက်ထားတဲ့လူအများစုကိုလည်းလက်စဖျောက်ရန်ညွှန်ကြားလေ့ရှိသည်။
YOU ARE READING
I am your daddy (not father)
Ficção HistóricaGemini "ချစ်တယ်ကိုယ့်ရဲ့baby fourthလေး" Satang "တကယ်ချွဲတာမှအရမ်းပဲအဲ့တာကြောင့်လည်းချစ်နေရတာပါဗျာ"