I Hate You 3

126 9 0
                                    

Jeon ခန္ဓာကိုယ်ကြီးက ကျနော် အပေါ် တဖြေးဖြေးအုပ်မိုးလားပြီး

အသက်ရှူ လေတွေပါ တစ်ယောက်မှာနှာတစ်ယောက်ရိုက်ခက်တဲ့အထိ
နီးကပ်လာခဲ့တယ် ကျနော်မျက်လုံးတွေမှိတ်ချပစ်လိုက်တယ်

ငါမင်းကို အရမ်းမုန်းတယ် park jimin

ကျနော့်နားနားကပ်ပြီး ပြောလိုက်တဲ့ jeon စကား

ငါ ဘာလုပ်မိလို့ မုန်းနေရတာလဲ jeonရယ်

သူပြောချင်ရာပြောပြီး ကျနော့်အပေါ်မှာ အိပ်ပျော်သွားတဲ့ jeon ခန္ဓာကိုယ်ကြီးကို
ဘေးတွန်းချပြီး သူ့မျက်နှာလေးကို ကျနော်တစ်ဝကြီး
ကြည့်နေမိတယ် ယောက်ျားပီသလိုက်တာ jeon jungkook က

Jeonကို သေသေချာချာ ကုတင်ပေါ်နေရာချပေးပြီး
ကျနော်လည်း ကိုယ့်အခန်း ကိုယ်ပြန်လာပြီး
Jeonပြောတဲ့ ကျနော့်ကို မုန်းတယ်ဆိုတာ
ဘာကြောင့်လည်း အဖြေရှာနေမိတယ်

အတွေးပေါင်းစုံနဲ့ ညည်းနက်မှ ကျနော်လည်း အိပ်ပျော်သွားခဲ့တယ်................

Next day.........
မနက်ခင်းမျက်နှာပေါ် ဖြာကျလာတဲ့နေရောင်ခြည်ကြောင့်
Jeon jungkookတစ်ယောက်နိုးလာတယ်
အား.....ခေါင်းတွေကိုက်လိုက်တာ
ညက ငါအိမ် ဘယ်လိုပြန်ရောက်လာတာပါလိပ်
ဟိုကောင်တွေ ပဲလိုက်ပို့တာထင်တယ် အခန်းထဲထိ
လိုက်ပို့တာထင်တယ် မဆိုးဘူး ငါ့သူငယ်ချင်းတွေချစ်ဖို့
ကောင်းလာပြီ.......

Jeon jungkookတစ်ယောက်ရေမိုးချိုးပြီး
အောက်ထပ်ကို ဆင်းလာခဲ့တယ်
ထမင်းစားခန်းထဲ မနက်စာစားဖို့ ထိုင်တဲ့ထိjiminကိုမတွေ့လို့

အဒေါ် ဟိုတစ်ယောက်က စားပြီးပြီလား
အကိုလေးက အခုထိ မဆင်းလာသေးပါဘူး
သူဌေးလေး......

သွားခေါ်လိုက်...ဟုတ်ကဲ့ သူဌေးလေး
ကျနော်ပြောစရာရှိတယ်လို့ပါ ထည့်ပြောခဲ့
မြန်မြန်ဆင်းလာဖို့ပါပြောခဲ့........ဟုတ်သူဌေးလေး

ဒေါက်......ဒေါက်
အကိုလေး....နိုးပြီလား
ဟုတ်.....ကျတော် နိုးပါပြီ

အခန်းတံခါးအပြင်က အဒေါ်ကြီး
အသံကြောင့် ကျနော်လည်းအဝတ်အစားလဲနေရင်း အသံပြန်ပေးလိုက်တယ်

I Hate YouWhere stories live. Discover now