I Hate You 9

92 6 2
                                    

ဒေါက်.......ဒေါက်.....အကိုလေး
တံခါးခေါက်သံနဲ့အတူ အပြင်ကအဒေါ်ကြီးခေါ်သံကြောင့်
ဒိုင်ယာရီ စာအုပ်လေးကို သူ့နေရာသူပြန်ထားလိုက်ပြီး
ကျနော်လည်း  အပြင်ထွက်ခဲ့တော့တယ်

ဘာကိစ္စရှိလို့လည်း.....အဒေါ်ကြီး

သူဌေးလေးက ဖုန်းဆက်ပါတယ် အကိုလေး

ညနေကြရင် အရင်ချိန်ထက်စောပြန်လာမယ်တဲ့

အဲဒါ ညနေစာကိုစောစောပြင်ပေးထားပါတဲ့
နောက်ပြီးခြံထဲမှာ ပြင်ပေးထားပါတဲ့

နောက်ပီး.......နောက်ပီးဘာဖြစ်လဲ အဒေါ်ပြီး
ပြောပါ မှာတဲအတိုင်း

ဟိုနေ့ကမိန်းခလေးလည်းပါမယ်ထင်တယ် အကိုလေး

ဘာ........ကျနော်အရမ်းအံ့အောသွားတယ်
jungkookကိုယ်တိုင်က ခေါ်တာလားဒီတစ်ခါ

ဟုတ်တယ်အကိုလေး အကိုလေးအဆင်မပြေမှာဆိုးလို့ပါ

အဒေါ်ကြီး သိနေခဲ့တာလား အဲညကကိစ္စကို

ဟုတ်အကိုလေး  ......

အဲညက ကိစ္စကို jungkookကို ဘာမှမပြောပါနဲ့နော်
ကျတော်တောင်းဆိုပါတယ်

ပြောသင့်တယ်လို့ထင်တယ်အကိုလေး
အဲမိန်းခလေးကအရမ်းရိုင်းခဲ့တာလေ

ခုနေ ကျနော်ပြောရင်ကော
jungkookကယုံမယ်လို့ ထင်လား အဒေါ်ကြီး

အဲမိန်းခလေးပြောနေတာလဲ အမှန်တရားပဲလေ
ကျနော်ကသာ jungkookနဲ့မပတ်သတ်မိခဲ့ရင်
အခုဆို သူတို့ဘဝလေးလည်းသာယာနေလောက်ပြီ

အဲလိုမတွေးပါနဲ့ အကိုလေးရယ်
ဖြစ်ချိန်တန်လို့ဖြစ်တယ်ပဲမှတ်လိုက်ပါ
အကိုလေးစိတ်ထားကို တနေ့ သူဌေးလေးမြင်လာမှာပါ

ကျနော်လည်း မျော်လင့်ပါတယ်
တနေ့မြင်နိုင်ပါစေလို့......

အဒေါ်ကြီးလုပ်စရာရှိတာလုပ်လေ

ဘာမှလုပ်စရာမရှိတော့ပါဘူး အကိုလေး
အကိုလေးကို ညနေစာပြင်တာ ကူပေးဖို့ပဲရှိပါတော့တယ်

ကျေးဇူးတင်ပါတယ်.....အဒေါ်ကြီး

ကျနော်လည်း  စကားစဖြတ်ပြီး မီစဖိုခန်းသွားပြီး
ညနေစာအတွက်စတင်ပြင်ဆင်နေတော့တယ်

I Hate YouWhere stories live. Discover now