Ep 2

11K 868 169
                                    

#Unicode

"မဖြစ်နိုင်တာ .. ငါကတော့သူတို့ကိုသူငယ်ချင်းလို့မထင်ဘူး"

အတူမုန့်စားနေကြသည့် Jungkook နှင့် Taehyungကိုကြည့်ပြီး ကျောင်းသူလေးသုံးယောက်က အတင်းတုတ်နေကြသည် ။

"ဘာလို့ သူငယ်ချင်းမဟုတ်မှာလဲ ။ သူတို့က အရမ်းခင်ကြတဲ့သူငယ်ချင်းတွေဆိုတာ အားလုံးသိတယ်"

ချစ်စရာကောင်းသည့်ကောင်မလေး Soyoung က စူပုတ်ပုတ်လေးဖြင့်ပြောလိုက်သည် ။ ထိုအခါ သူငယ်ချင်းမဖြစ်နိုင်ဘူးဟုပြောသည့် ဆံပင်ရှည်ရှည်နှင့် မိန်းမလှလေး Yu Na က

"ဘယ်သူငယ်ချင်းက ပါးစပ်ထဲကထွက်ကျထားတဲ့စားစရာကို စားမှာလဲ"

မျက်စပစ်ပြကာ ထိုစကားဆိုလေတော့ သူမတို့ရဲ့အကြည့်အားလုံးက သူငယ်ချင်းနှစ်ယောက်ထံ ရောက်လို့သွားသည် ။

Jungkookတစ်ယောက် Taehyungကို မုန့်ခွံ့ရင်း Taehyungပါးစပ်ထဲကပြန်ထွက်ကျလာသည်ကို စားပစ်လိုက်ခြင်း။

"နင်တို့ဆို ငါ့ပါးစပ်ထဲကပြန်ထွက်ကျလာတာကိုစားကြမလား"

Yu Na ၏မေးခွန်းကြောင့် Soyoungက အသည်းအသန်ခေါင်းရမ်းကာငြင်းသည်။
ထိုအထဲက Mi Jiဆိုသည့် ခပ်မိုက်မိုက်ကောင်မလေးကတော့ မဲ့ရွဲ့ကာ

"ငါကတော့ မစားတဲ့အပြင် နင့်ပါးစပ်ထဲကအဲ့လိုထွက်ကျတာကိုမြင်တာနဲ့ အော့အန်မိမှာ"

Mi Ji အဖြေကြောင့် သူမတို့ ရယ်ပွဲကျသွားကြသည် ။

"ဟဲ့ ကြည့်ကြ... Kim Taehyungရဲ့ပါးမှာကပ်နေတဲ့ အမှုန်ကို Jeon Jungkookက ဖယ်ပေးနေတာ"

Yu Na အလန့်တကြားနှင့် လက်တို့ကာပြောနေသည်မို့ သူမတို့သုံးယောက်လုံး Taehyung နှင့် Jungkook ကို အကဲခတ်မိကြပြန်သည် ။

"တွေ့လား ... ဒါကသူငယ်ချင်း လုံးဝမဖြစ်နိုင်ဘူး ။ ဘာမှန်းမသိတဲ့ အမှုန်အမွှားလေးမျက်နှာမှာကပ်နေတာကို ဂရုတစိုက်ဖယ်ပေးတာက မရိုးသားဘူးလေ ။ ဒီလောက်အရာလေးကိုတောင် မြင်တွေ့ပြီးဖယ်ပေးတယ်ဆိုကတည်းက Jeon Jungkookက Kim Taehyungကို အပြည့်အဝအာရုံစိုက်ထားလို့ပေါ့"

Yu Naက ဆရာကြီးပုံစံဖြင့် အတိအကျကိုပြောနေတော့သည် ။ Soyoung ကတော့ငြိမ်ပြီးနားထောင်ပေမယ့် Mi Ji ကတော့ Yu Na၏ပါးကိုဖက်ခနဲရိုက်လိုက်သည် ။

From Best Friend To Bed Friend(Completed)Where stories live. Discover now