"မမ၏ ဝိဉာဉ် မမ၏ ခန္ဓာ မမ၏ဒုက္ခအပေါင်းတို့သည် ချုပ်ငြိမ်းသွားလေသတည်း.."ဟူသော၀တ္ထု၏ ဇာတ်လမ်းတစ်ရပ်အဆုံးတွင်ကား မြသီတာ၏ မျက်၀န်းအစုံမှ အရည်ကြည်လဲ့လဲ့တို့သည် ကျမကုန်အောင်ဖြစ်ခဲ့ရပြီ
"ဘာလို့လဲ..မမကိုမှ ဘာလို့လဲ..ဒီအမျိုးသမီးတစ်ယောက်ကိုမှဘာလို့လဲ..သူ့မှာပျော်ရွှင်ပိုင်ခွင့်ရောမရှိတော့ဘူးလားဟမ်..ဘာလို့မမအပေါ်ကိုမှရက်စက်နိုင်ကြရတာလဲ" မြသီတာ စိတ်ထဲရင်နာစွာဖြင့်တွေးတောနေမိလေသည်။
"သမီးရေ မေမေတို့အပြင်သွားအုန်းမယ် သမီးထမင်းစားဖို့ပြင်ခဲ့တယ်..ဟဲ့ဟဲ့ သမီး ဘာလို့ငိုနေတာလဲ သမီးရဲ့.."မေမေက စိုးရိမ်သောအမူရာတို့ဖြင့် မြသီတာအနားသို့ရောက်လာကာ မျက်ရည်တွေက သုတ်ပေးလေ၏။
"မေမေ မြလေ မြ မမကိုအရမ်းသနားတာပဲ မေမေရယ်.."
"သမီးဘာတွေဖြစ်နေတာလဲ..ဘယ်က မမလဲ.."
"မေမေ မြလေ မြရင်ဘက်ထဲတစ်မျိုးကြီးပဲမေမေရာ ဒီ၀တ္ထုကိုဖတ်ပီးတော့မြအသက်ရှူရခက်တယ် ငိုချင်တယ် ဒီ မမဆိုတဲ့အမျိုးသမီးကို မြကာကွယ်ပေးချင်လိုက်တာမေမေရာ.."
"အော် သမီးရယ် မေမေကတော့ မေ့မေ့သမီးတအားတွေငိုနေတော့..ဘာများဖြစ်တာလဲလို့..မေ့သမီးကလက်စသတ်တော့ ၀တ္ထုဖတ်ပြီး ငိုချင်းဖွဲ့နေတာကို အရူးမလေး..ထ ထမင်းထစားတော့ တခြား၀တ္ထုတွေလဲဖတ်ပါအုန်း ဒါလေးပဲ ပြန်ပြန်ဖတ်ပီးငိုတာဘယ်နှစ်ခါမြောက်ရှိနေပြီလဲဟမ်..ကဲကဲမေမေအပြင်သွားတော့မယ်..ငိုဘဲငိုမနေနဲ့..၀တ္ထုထဲကဇာတ်ကောင်တွေကအပြင်မှာမရှိပါဘူးမြရဲ့တအားခံစားမနေနဲ့နော် သမီး.."
မေမေ့စကားအဆုံး မြသီတာ ပြန်တုန့်ပြန်ချင်းမရှိပဲခေါင်းသာငြိမ့်ပြလိုက်တော့သည် မမဆိုတဲ့အမျိုးသမီးဟာ ၀တ္ထုထဲကဇာတ်ကောင်ပဲဆိုပေမယ့်မြအတွက်တော့ တန်ဖိုးထားရသော သနားရသောအမျိုးသမီး လေးစားရသောအမျိုးသမီး မြတ်နိုးရသောအမျိုးသမီးဟုပင်ဆိုနိုင်လေသည်။မေမေအခန်းထဲမှ ထွက်သွားသောအခါမှသာ မြ၀တ္ထုရဲ့ ရှေ့မျက်နှာဖုံးက မမပုံသဏ္ဍာန်ပုံတူရေးဆွဲထားသောအမျိုးသမီးလေး၏ မျက်နှာတော်လေးကိုတစ်ချက်ကြည့်ရှုမိသည်။