အခန်း(၂) Unicode

155 8 0
                                    

"ပျို မြနံ့သာပျို သမီးလေး မမ ရောက်နေပီ တံခါးလေးဖွင့်ပါအုန်း.."

ဟင် မမ မမ ဟုတ်လား မြ နားကြားမှားလေသလား မမ မြဆီကိုရောက်လာခဲ့ပီလား မမ ကို မြ တကယ်မြင်ဖူးရတော့မှာပေါ့ မြပျော်လိုက်တာ မြ ပျော်လိုက်တာကွယ်..

"ပျို မေမေတို့၀င်ခဲ့မယ်နော်.."
"..မြ မမ ၀င်လာခဲ့မယ်နော်.."

ဒါ မမရဲ့ အသံလေးဖြစ်သည်မှာအမှန်ပင်..မြ ဖြင့်ရင်တေတုန်လိုက်တာ..မြရဲ့တန်ဖိုးထားရာ အမျိုးသမီးလေးက မြဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့တာ..မြ လောက်ပျော်တဲ့သူရှိမှာမဟုတ်နိုင်တော့ဘူး..မြ သာမာန်ဘ၀ရောက်ခဲ့ရင် ဒီအဖြစ်ပျက်ကို မြ ဖူးစာကို ပြောဖြစ်အောင်ပြောမယ်..

တံခါးဖွင့်သံနှင့် အတူ မြထံသို့ ပျို၏အဖေနဲ့အမေဆိုသူရှေ့မှဦးဆောင်ကာ၀င်ရောက်လာကြလေ၏ ထိုသူများ၏အနောက်တွင်မှ..မိတ်ကပ်ပါးပါးသာလိမ်းခြယ်ထားသည့် မြ မြတ်နိုးတန်ဖိုးထားရသည့် မမ အို တကယ်ကျက်သရေရှိတဲ့ အမျိုးသမီးပါ..မမ၏ ကိုယ်ဟန် မမ ၏ ၀တ်စားဆင်ယင်မှုတို့သည် အလွန်ပင်ကျက်သရေရှိလှပေသည်...အင်္ကျီကတ္တီပါသားအဖြူစွတ်လက်ရှည်လေးကို၀တ်ဆင်ကာ ထဘီ အနီစင်းနှင့်အမဲ စပ်ကြားလေး၀တ်ထားသည့် မမအလှမှာ ထပ်ခါထပ်ခါပင်ကြည့်မိချင်လောက်အောင်ဖြစ်စေ၏

"..မြ တို့ကိုဘာကြည့်နေတာလည်း..တစ်ခါမှမမြင်ဖူးတဲ့သူတွေကျနေတာပဲ.."
မြ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်...
"..ဟို မမက အရမ်းလှနေတော့ မြငေးမိသွားတာပါ.."
"..အမယ် မြ တို့ကိုလှတယ်တွေဘာတွေတောင်ပြောလို့ပါလား..အရင်ကဆို မြ မမ ကိုမချီးမွမ်းဘူးပါဘူး..ခုဘယ်လိုတွေတောင်ပြောင်းလဲနေတာလဲ မြရဲ့ လူစားထိုးခံလိုက်ရသလိုပဲ.."

မြသီတာ တံတွေးပင်မျိုချမိလေသည်..မမ ပြောသည်က ချက်ကျလက်ကျရှိလှသည်..တကယ်ပင်လူစားထိုးထားသည်ပင်..
မြနံ့သာပျိုနေရာတွင် မြသီတာရောက်နေလေသည်မှာအမှန်ပင်ဖြစ်သည်..သို့သော်လည်း..

"..အို မမ ကလည်း ပေါက်ပေါက်ရှာရှာ မြ က မမ လှလို့ လှတယ်ပြောတဲ့ဟာပဲ..ဘယ်က လူစားထိုးရမှာလည်း.."
"..ဟုတ်ပါပြီ မြရယ် ဟုတ်ပါပြီ မမ မြနဲ့ ပြိုင်မငြင်းတော့ပါဘူးကွယ်နော်..ဦးလေးတို့က မြ အတိတ်မေ့သွားတယ်ထင်တယ်ဆိုပီးလာပြောကြလို့ မမ မှာအလန့်တကြားနဲ့လိုက်လာခဲ့ရတာ..မြ မမပြောမယ်နော် နောက်ဆို အဲ့လို ‌ကလေးကလားအလုပ်တွေ မလုပ်ရဘူးကြားလား.. မမ လည်းမကြိုက်ပါဘူး..လူက လူကြီးပဲဖြစ်နေပြီ..ကလေးက ဆန်နေသေးတယ်.."

ထိုမမသို့ကယ်တင်ခြင်း(Z+U)Where stories live. Discover now