Ep 3

11.7K 1K 201
                                    

#Unicode

အခေါ်အပြောမလုပ်ဘဲ ကိုယ့်ဟာကိုယ်ခပ်တန်းတန်းနေဖို့ ဆုံးဖြတ်ထားတော့လဲ အဲ့ဒီ Jeon Jungkookက အနောက်ကနေပြီး စက္ကူလုံးနှင့် ပစ်ပေါက်နေသည် ။
လှည့်ကြည့်ရင်လဲ သူမဟုတ်သလိုနှင့် အကြည့်လွှဲပြီး စာကြည့်ချင်ယောင်ဆောင်နေသေး၏။

Taehyung မျက်စောင်းထိုးကာ အရှေ့ကိုသာပြန်လှည့်လိုက်သည် ။ ထိုအခါ စက္ကူလုံးတွေနှင့် သူ့ကျောပြင်ကို ပြန်လည်ပစ်ပေါက်ပြန်သည် ။

ကလေးကလားနှင့် ဘာအကျင့်မှန်းမသိတဲ့ အဲ့ဒီလိုကိစ္စတွေကို Jeon Jungkookက အခုထိလုပ်နေဆဲ ...

Taehyung စာအုပ်ကို ဘုန်းခနဲပိတ်၍ အခန်းထဲကနေ ထွက်လာခဲ့လိုက်သည် ။ စာသင်နေတဲ့ဆရာကတော့ ကြောင်အအဖြင့် ကြည့်ကာကျန်နေခဲ့သည် ။

"Sir... ကျွန်တော် Toiletခဏ"

Taehyung ထွက်သွားတယ်ဆိုရင်ပဲ Jungkook လဲ Taehyungနောက်ကနေ အပြေးအလွှားလိုက်သွားတော့သည် ။

"Kim Taehyung ... အခု မင်းကငါ့ကိုစိတ်ဆိုးတဲ့သဘောလား ? ငါ့ကိုမချော့ဘဲ ပြန်စိတ်ဆိုးတယ်ပေါ့"

Jungkook အနောက်ကနေပြေးလိုက်ရင်း မေးလိုက်သည် ။ ထိုအခါ Taehyung ကသူ့ကို ခပ်စူးစူးကြည့်လာပြီး

"ဘာလို့ငါက မင်းကိုပြန်ချော့ရမှာလဲ ။ မှားတာကမင်းလေ .. ငါက -ီးဖြစ်လို့ပြန်ချော့ရမှာလား"

Taehyung ဆဲရေးဆိုလိုက်ကာ နေရာကနေထွက်လာခဲ့လိုက်သည် ။
Jungkook မသိအောင် Clubကိုသွားခဲ့တာမှန်ပေမယ့် သူ့Hyungတွေကို ရိုင်းပျခဲ့တာက Jungkook မဟုတ်လား ...
အဲ့တာကြောင့် သူ့မှာလဲ စိတ်ဆိုးပိုင်ခွင့်ရှိသည် ။

"မင်းအခု ဘယ်သွားမှာလဲ"

Jeon Jungkook က တကယ့်ကိုအာရုံနောက်သည် ။ အခုလဲ အနောက်ကနေ အပြေးအလွှားလိုက်နေ၏ ။

"ဘယ်သွားသွား!"

Taehyung ခပ်အောင့်အောင့်ပြော၍ ခြေလှမ်းတွေကို အရှိန်တင်ခဲ့လိုက်သည်။
အာရုံနောက်စရာကောင်းတဲ့ သကောင့်သားလဲ ပါမလာတော့ ....

-
-
-

Taehyung ဟင်းချက်နေတော့ Jungkookက အနောက်ကနေပြီး ရစ်သီရစ်သီလုပ်လို့နေသည် ... သို့သော်လည်း ဘာစကားမှတော့မပြော ။ Taehyung လဲ အရေးမလုပ်ဘဲ ဟင်းကိုသာ အာရုံစိုက်ပြီးချက်ပြုတ်နေလိုက်သည် ။

From Best Friend To Bed Friend(Completed)Where stories live. Discover now