အပိုင်း(၈)ဦးတရုတ်ကြီးဆန်ပြုတ်

2K 86 0
                                    

"ကိုကြီး သွားတိုက်ဆေးညှစ်ရင် အောက်ခြေက စညှစ်ပါပြောထားတာကို၊ အလယ်ကညှစ်ပြန်ပြီ"

နုနုတစ်ယောက် အောင်နိုင့်ကို ပွစိပွစိလာပြောနေလေသည်။

မိခင်ဒေါ်အေးရီကို နေရာတကာလိုက်၍ အပြောနိုင်ဆုံးဟု ထင်ခဲ့မိသည်မှာ မှားကြောင်းနုနုက သက်သေပြပေးနေသည်။

အောင်နိုင့်အတွက် အရေးမကြီးသောကိစ္စလေးတွေကို နုနုအတွက် အရေးကြီးနေတတ်သည်မှာ ထူးဆန်းဖွယ်ပင်

"ဘာဖြစ်လဲနုနုရယ်၊ အောက်ကညှစ်ညှစ်၊ အလယ်ကညှစ်ညှစ် သွားတိုက်ဆေးထွက်ပြီးတာပဲကိုကွာ၊ ဘာမဟုတ်တာလေးနဲ့ မရစ်စမ်းပါနဲ့ နုနုရာ"

"မတူဘူးလေ၊ အဲ့လိုအလယ်ကနေညှစ်တော့ သွားတိုက်ဆေးမကုန်ခင် ဘူးအလယ်ကခါးကျိုးပြီး ပေါက်ပြဲသွားရင် သုံးရတာ အဆင်မပြေတော့ဘူးလေ။

အဲ့တာလေး လိုက်လုပ်ပေးရတာ ကိုကြီးအတွက်ဘာအပန်းကြီးလို့လဲ။ ပြောလက်စနဲ့ပြောလိုက်အုန်းမယ် မနက်မနက်ဆို မျက်နှာသုတ်ပဝါကို ဖြန့်လှန်းခဲ့ပါပြောလည်း လုံးထွေးပြီးတန်း‌ပေါ်တင်ခဲ့တယ်။

အင်္ကျီတွေလည်း နှစ်ရက်ပြန်မဝတ်ပါနဲ့ ကိုကြီးရယ် လျှော်ပေးရတဲ့နုနု ကတောင် အပန်းမကြီးရဘူး....."

"နံမှမနံတာနုနုရဲ့၊ ချွေးတအားထွက်တဲ့နေ့တွေဆို ကိုကြီးလည်းပြန်မဝတ်ပါဘူး၊ နေ့တိုင်းလဲနေရင် နုနုအဝတ်လျှော်ရပင်ပန်းတာပေါ့"

"ဘာမှ နုနုကိုမလွှဲချနဲ့၊ ကိုယ့်ဟာကိုညစ်ပတ်တာကို၊ တစ်ခါဝတ်ပြီးပြီဆိုရင် ချွေးနံ့၊ လူနံ့ကရှိတာပဲ၊ နောက်ဆို ဝတ်ပြီးသားတွေ ပြန်ပြန်မဝတ်နဲ့နော်ကိုကြီး"

"ကဲနုနု၊ ကိုကြီးကိုပဲထိုင်ပြောမနေနဲ့၊ ခုဏကပြောတော့ ဒီနေ့ခေါင်းလျှော်မယ်ဆို၊ နေကစောင်းနေပြီ၊ မိုးတအားချုပ်မယ်သွား၊ ရေချိုးမယ်ဆို၊ ခုသွားချိုး"

အောင်နိုင် နားပူလာသဖြင့် စကားလမ်းကြောင်းလွှဲခါ နုနုကို ပထုတ်လိုက်သည်။ ဒါတောင် အစ်မတော်က ရအောင်ပြောသွားသေးသည်

"နုနုလည်း ဘယ်ပြောချင်မလဲ၊ တကယ်တည်း ယောင်္ကျားယူလိုက်တာလား၊ ကလေးမွေးစားလိုက်တာလားတောင် မပြောတတ်‌‌တော့ဘူး၊ ဒေါ်အေးရီသားအငယ်လေးက နေရာတကာ လိုက်ပြောနေရတာပဲ"

နုနုတစ်ယောက်သာWhere stories live. Discover now