အပိုင်း(၁၄) ချော့သိပ်တဲ့ည

2.3K 89 0
                                    

" နုနု အမေ့ကို ဒီနေ့ဘယ်လိုပြောပြီးချော့လိုက်တာလဲ၊ ပုံမှန်ဆို တပတ်လောက်တော့ မခေါ်မပြောဘဲကောက်အုန်းမှာ ခုလို ချက်ချင်းစိတ်ပြေအောင် ချော့တဲ့နည်းလေး ကိုကြီးကိုလည်း သင်ပေးစမ်းပါ။ မိန်းမစိတ်ဆိုးရင် ချော့ရအောင်လို့"

နုနုက ပြုံးတုံ့တုံ့လေး လုပ်နေပြီးမှ

"အမေလိုချင်တာပေးမယ်ပြောပြီးချော့လိုက်တာပေါ့ ကိုကြီးရဲ့"

အောင်နိုင်နားလည်ရခက်သွားသည်။ အမေမှာ ပစ္စည်းတွေမှပေါလို့၊ နုနုက ဘာပစ္စည်းပေးမယ်ပြောလိုက်လဲ ပိုသိချင်သွားသည်။

"ဘာပစ္စည်းလဲ နုနု"

လည်မလိုနှင့် အနေသောကိုကြီးကို မျက်စောင်းလေးခဲလိုက်ရင်း

"မြေး မွေးပေးမယ်ပြောလိုက်တာ၊ ကိုကြီးကိုပြန်ခေါ်ရင် ‌အမေလိုချင်တဲ့မြေး မွေးပေးမယ် ပြောလိုက်တာ သိပြီလား"

အောင်နိုင် သဘောတကျရယ်လိုက်ရင်းက နုနုကို ပုခုံးမှ ဖက်လိုက်ပြီး

"ဟားဟားဟား ဒါ့ကြောင့်ကို၊ ဒေါ်အေးရီတစ်ယောက် ချက်ချင်းကို အမျက်တော်ပြေသွားတာ၊ ဒါပေမယ့် ကလေးက နုနုတစ်ယောက်ထဲမွေးပေးချင်တိုင်းမွေးပေးလို့မှမရတာ၊ ကိုကြီးပါမှရမှာလေ။ နုနုတစ်ယောက်တည်းသဘောနဲ့ ကတိပေးခဲ့လို့ဘယ်ဖြစ်မလဲ "

နားရှက်စရာတွေပြောနေသဖြင့် နုနုမျက်နှာလေးရဲတက်လာပြီး

"ကိုကြီးနော်၊ ဘယ်လိုတွေပြောနေတာလဲ။ ဘာလဲ ကိုကြီးက ကလေးမလိုချင်သေးလို့လား"

"ဟာ လိုချင်တာပေါ့ကွ၊ နုနုကမွေးပေးရင် လိုချင်တာပေါ့၊ ပိုက်ဆံအတွက် စိတ်မပူနဲ့၊ တကယ်လို့ မမကြိုင်တို့ပေးတဲ့ အမြတ်ငွေက နည်းသေးတယ်ဆိုရင်‌၊ ကိုကြီး အခုအလုပ်ကိုထွက်၊ တခြားအလုပ်လုပ်ပြီး နုနုတို့ကို ရှာကျွေးမယ် သိလားနုနု"

"အို့ တခြားအလုပ် မလုပ်ရပါဘူး၊ ကိုကြီးဒီအလုပ်ကိုမြတ်နိုးလွန်းလို့တောင် မမကြိုင်ပွဲရုံမှာမလုပ်ဘဲ စာသင်တဲ့ဟာကို၊ နုနုအတွက်နဲ့တော့ ကျောင်းဆရာအလုပ်ကနေ မထွက်ရဘူး။ နုနုလည်း စက်ချုပ်တတ်တာပဲ၊ လိုအပ်ရင် နုနုလည်း စက်ပြန်ချုပ်မှာပေါ့၊ မောင်တစ်ထမ်း၊မယ်တစ်ရွက်ပေါ့၊ ကိုကြီးတစ်ယောက်တည်း ရှာရမယ်လို့ ဥပဒေမရှိဘူးသိလား"

နုနုတစ်ယောက်သာWhere stories live. Discover now