အခန်း2

96 1 0
                                    

"အသက်ရေ...မောင်တို့အပြန်ကျရင်အလုပ်သမားတွေကိုလက်ဆောင်ပေးဖို့မုန့်လေးတွေဝယ်သွားကြရအောင်"

"အင်း...ကောင်းသားပဲ.. မောင်"

သက်သက်ပိုတစ်ယောက်မောင်ကပြောလာတာတောင်အလုပ်သမားတွေအတွက်မုန့်ဝယ်ဖို့မုန့်အတန်းရှိရာကိုမိသားစုတွေလျှောက်ခဲ့ကြသည်

"မောင်ရေ...ဘာတွေဝယ်ကြမလဲ"

အသက်ကမေးလာတာကြောင့်ဘုန်းရာတစ်ယောက်တစ်ယောက်အလုပ်သမားတွေအတွက်လက်ဆောင်ဝယ်ဖို့တွေးတော့လိုက်မိသည်

"ဒီလိုလုပ်ပါလား...အသက်...ထမနဲ့..ရယ်ကောက်ညှင်းကျီတောက်ရယ်...ရေမုန့်...နှစ်တစ်မိုင်ပဲစိမ်းကြော်ရယ်...ဝယ်လိုက်လေ..များများလေးဝယ်အသက်...."

"အင်း...ကောင်းတယ် မောင်...အလုပ်သမားတွေကြိုက်တာစားလို့ရတာပေါ့...မောင်ရယ်"

သက်သက်ပိုတစ်ယောက်မုန့်တန်းရှိမုန့်များကိုအကြိုက်သေချာရွေးပြီးအလုပ်သမားတွေကိုပေးဖို့စဥ်းစားနေလေတော့သည်

"တီ...တီ...တီ..."

ရုတ်တရက် ဝင်လာဖုန်းကြောင့်ကြည့်လိုက်တော့သူငယ်ချင်းဖြစ်သူနေဗလဆီဖြစ်နေသည်ဒီအကောင်ဘာတွေများနောက်အုံးမယ်လို့ပါလိမ့်တွေးရင်းဖုန်းကိုင်လိုက်သည်

"ကဲ...ဆိုစမ်းပါဦး...အထက်တန်းရှေ့နေကြီးရယ်"

နေဗလတစ်ယောက်သူငယ်ချင်းဖြစ်သူဘုန်းရာရဲ့စကားကြောင့်ပြုံးမိလိုက်သည်သူသိတာပေါ့တောင်ကြီးတန်ဆောင်ပွဲကိုတစ်ခါတည်းလိုက်မလာလို့သူကိုစိတ်ဆိုးနေတာကို

"ဘယ်လိုဖြစ်တာတုံး....ချစ်သူငယ်ချင်းကြီးရာ...စိတ်ကောက်နေတာလား "

"မကောက်ပါဘူး... ဘာလို့ကောက်ရမှာလဲ"

"ရာကြီး...မင်းစိတ်မကောက်ဘူးလို့သာပြောတာ...မင်းရဲ့အသံကိုနားထောင်ရတာငါမလိုက်လို့အလိုမကျတဲ့အသံကြီးနဲ့...မင်းအကြောင်းကိုငါကောင်းကောင်းသိပါတယ်
ရာကြီး....မင်းကဟန်မဆောင်တဲ့လူတစ်ယောက်ပါ...ဟန်ဆောင်ပြီး မနေပါနဲ့ "

"ဟုတ်... ဟေ့...မင်းကိုစိတ်တိုနေတာ...ဘယ်နှယ့်တစ်ခါတည်းလိုက်ခဲ့ပါဆိုတာကိုမလိုက်ဘူး...အဲအလုပ်တွေကပဲမင်းအတွက်အရေးကြီးနေတာ....မပြောချင်ဘူး "

"ရာကြီး...ကလည်းကွာမင်းလည်းသိရဲ့သားနဲ့အလုပ်တွေကဖြတ်လို့မှမရတာငါလည်းတစ်ခါတည်းလိုက်ချင်တာပေါ့ကွ"

"အဲတာတွေ...အသာထား...ငါကိုငါရဲ့အချစ်ဆုံးလေးတွေကမေးသေးလား...ငါသူတို့ကိုလွမ်းနေတာ"

သူငယ်ချင်း နေဗလရဲ့ပြောလာမှုကြောင့်ဘုန်းရာရယ်ချင်လာတယ်ခွဲနိုင်လည်းမဟုတ်ဘဲနဲ့အခုလည်းကြည့်မေးနေပြီသူတူနဲ့တူမကိုလွမ်းနေတာတဲ့တတ်လည်းတတ်နိုင်တဲ့အကောင်တကယ်ကိုသူဘဝမှာနှစ်ယောက်မရှိနိုင်တဲ့သူငယ်ချင်းပါ

မသိစိတ်ရဲ့စေစားရာWhere stories live. Discover now