တစ်ပတ်ကြာသောအခါ
အေးစက်စွာရွာနေတဲ့မိုးနဲ့အတူရင်ထဲကနာကျင်မှုနဲ့အတူစီးကျလာတဲ့မျက်ရည်တွေဟာအရှိန်ဟုန်ပြင်းလှသည်
အိမ်အပေါ်ရဲ့ပြတင်းပေါက်အနားကနေရအိမ့်ရှေ့လမ်းမကိုတစ်စုံတစ်ယောက်ပြန်လာမလို့စောင့်နေခဲ့တာအိပ်ပျက်ညတွေများခဲ့ပြီ
အခန်းထဲကိုညင်သာရောက်လာတဲ့ခြေသံနဲ့အတူအနားကိုရောက်လာတဲ့သားကိုကြည့်ရင်းဝမ်းနည်းနာကျင်မှုကပိုလို့တိုးလာခဲ့သည်
"မေမေ...ထမင်းစားကြရအောင်လေ"
ညိုးငယ်နေတဲ့မျက်နှာလေးနဲ့သားကိုကြည့်ရင်းရင်ဘတ်ထဲကအောင့်လာပြီးပြင်းထန်တဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရသည်
"မေမေ...ဘာဖြစ်လို့လဲ... ဟင်"
စိုးရိမ်စွာမေးလာတဲ့သားရဲ့အမေးကိုအသက်ခေါင်းခါပြရင်းရင်ဘတ်ကိုလက်နဲ့ဖိထားလိုက်မိသည်
"သား...ဖေဖေရော..."
"ဖေဖေက...အတွယ်...ညီမလေး... သတင်းသွားစုံစမ်းနေတယ်...မေမေ"
"မေမေ...သားနဲ့ထမင်းစားကြရအောင်နော်...မေမေကြိုက်တဲ့ငါးဖယ်ဆီပြန်ဟင်းချက်ထားတယ်....မေမေ"
စက်တစ်ယောက်မေမေကိုထမင်းစားဖို့ပြောနေပေမယ့်ကိုယ်တိုင်လည်းစားချင်စိတ်မရှိပါဘူးတစ်ပတ်ကြာတာတောင်အတွယ်ညီမလေးသတင်းကအခုအချိန်အထိဘာမှမကြားရသေးပါဘူး
"တီ....တီ...တီ..."
ညီမလေး အကြောင်းတွေးနေတုန်းဖေဖေရဲ့ကားသံကိုကြားလိုက်ရသည်ပြန်လာပြီထင်ပါရဲ့အတွယ်အကြောင်းဘာများထူးမလဲလို့တွေးရင်းမေမေကိုတွဲကာအိမ်အောက်ကိုဆင်းလာခဲ့သည်
"လာ...မေမေ...ဖေဖေပြန်လာပြီ...သားတို့အောက်ဆင်းကြရအောင်"
အိမ်ရဲ့အောက်ထပ်ဧည့်ခန်းထဲမှာဆိုဖာကိုမှီရင်းမျက်လုံးစုံမှိတ်ထားတဲ့ဖေဖေကြောင့်ညီမလေးသတင်းမထူးဘူးဆိုတာစိတ်ထဲအလိုလိုသိလာရတယ်
"မောင်...သမီးလေးသတင်းဘာကြားလဲဟင်..."
သမီးလေးပျောက်သွားတဲ့တစ်ပတ်အတွင်းမှာပိန်ချသွားတဲ့အသက်ကိုကြည့်ကာဘုန်းရာသက်ပြင်းလေးခပ်ငွေ့ငွေ့ချလိုက်မိတယ်
"သမီးလေးသတင်း...ဘာမှမကြားရသေးပါဘူး...အသက်ရယ်"
မောင်လက်ကိုအားကိုးတကြီးဆုပ်ကိုင်ကာမေးနေမိတဲ့အသက်ရဲ့လက်တွေတဖြည်းဖြည်းပြေလျော့သွားခဲ့ပြီ
"ဟင့်...ဟင့်...ဟီး..."
ဝမ်းနည်းကြီးစွာရှိုက်ကြီးတငင်ငင်ငိုနေတဲ့အသက်ကိုကြည့်ကာဘုန်းရာနှစ်သိမ့်ဖို့စကားများပျောက်ဆုံးနေရသည်ကိုယ်တိုင်လည်းဆောက်တည်ရာမဲ့နေတဲ့သူမို့နှစ်သိမ့်ဖို့စကားလုံးတွေပျောက်ဆုံးနေရသည်
"မောင်...အသက်လေ...သမီးကိုပြန်တွေ့ရမှာပါနော်...ဟုတ် တယ်မလားဟင်"