👑Ryan.11👑

34.3K 611 43
                                    

(uni)

"ဦးအရင်ဆင်းနှင့် "

"Ryanကရော"

"Momရောက်လာတော့မှာလေ Leonကိုလမ်းမှာ
အချိန်နဲနဲဆွဲခိုင်းမလို့ ရော့ဒီပန်းစည်းRyanအခန်းထဲ
ယူသွား ဘုရားသွားရင်ဝတ်ဖို့အတွက်ဝယ်ထားတ့ဲ
ခဲရောင်ဝတ်စုံဗီရိုထဲမှာရှိတယ်ကြီးတ့ဲအစုံကိုဦးဝတ်ထား
လိုက် "

"မင်းလေးသဘောအတိုင်းပါဗျာ"

ခြံထဲကားရပ်တာန့ဲမနားတမ်းအမှာခြွေနေတ့ဲ
ကောင်လေး သိပ့်ချစ်ဖို့ကောင်းတာ

ရှိန်းခန့်ထည်ဝါအိမ်ထဲရောက်ရောက်ခြင်းဧည့်ခန်းမှာ
ထိုင်နေတ့ဲသားမိနှစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်
စိတ်ပျက်သွားသည်

"ကိုရှိန်း ထားတို့ဆီလာတာလား ဒီပန်းစည်းက"

"အော်သမီးရယ် သမီးတွက်ပဲနေမှာပေါ့ ကူသယ်​ပေး
လိုက်အုံး​လေး​မောင်ရှိန်းခန့်ဒီထိ​တောင်လက်​ဆောင်
ဝယ်လာ​ပေးတာကို"

"ကိုရှိန်းရယ်တကူးတကကြီးပင်ပန်းခံဝယ်လာစရာ
မလိုပါဘူး"

ရှိန်းခန့်ထည်ဝါပိုက်ထားတ့ဲပန်းစည်းကိုထားသခင်
လက်လှမ်းတော့

"ထားသခင်တွက်မဟုတ်ပါဘူး ပြီးတော့ကိုယ်ဝယ်လာတာ
လည်းမဟုတ်ဘူး Ryanဝယ်ခ့ဲတာ ခွင့်ပြုပါအူံး"

ပြောပြီးတာန့ဲထွက်သွားတ့ဲ ရှိန်းခန့်ထည်ဝါကြောင့်
ထားသခင်တို့သားမိနှစ်ယောက်မှာရယ်ရခက်ငိုရခက်
န့ဲ အရှက်ကွဲပြီးကျန်ခ့ဲသည်

သူလက်ပတ်တီးစည်းထားတာအကျႌလက်ရှည်န့ဲမို့်မ​တွေ့
တာဖြစ်မယ်
မ​တွေ့တာပဲ​ကောင်းတယ် ​တွေ့လို့​မေးရင်​ဖြေ​နေရအုံး
မယ် ပန်းဝယ်ပြီးRyanက​ကျောက်ပတ်တီးန့ဲကြည့်ရဆိုး
တယ်ဆိုပြီးရက်တောင်မပြည့်သေးဘူး ဆေးရုံပြန်ဝင်
ပြီးဆေးပတ်တီးန့ဲပြန်လဲစည်းခိုင်းခ့ဲသည်

"နေပါအုံး အခုမောင်ရှိန်းခန့်ဝင်သွားတာဟိုကောင်အခန်း
မဟုတ်ဘူးလား"

"ထားမပြောဘူးလား အခုမေမေမျက်လုံးန့ဲသေချာမြင်
အောင်ကြည့်"

"ဒါဆိုဘာလို့နင့်ကိုလက်ထပ်မယ်ပြောသေးလဲ"

"မသိ​တော့ဘူး​မေ​မေရာ ​သေချာတာက​တော့
ဟို​ကောင်န့ဲကမကင်းမရှင်းတစ်ခုခုပဲဆိုတာ​"

RYAN👑Where stories live. Discover now