👑Ryan.12👑

35.1K 564 18
                                    

(uni)

"အာ့ ! ကောင်းတယ်ဦး ထိတယ် အ့ဲနားလေးထိတယ်"

"ကောင်းလား! ကြိုက်လားကောင်လေး"

"ကြိုက်တယ်ဦး! အားလေးန့ဲလုပ်ပေး ဒီလိုနေရာကျ
အားမရှိဘူးလား"

"အားန့ဲလုပ်နေတာပဲ Ryanနာမှာကြောက်လို့ ကိုယ်က
ညင်သာပေးနေတာ"

"မသိဘူး ဖီးလ်ပျက်တယ် သေချာလေးဆွဲ"

ကြည့်ပါအုံး ထန်နေတ့ဲသူကို
Ryanကဇက်ကြောဆွဲခိုင်းနေတယ်
အခန်းထဲခေါ်ခ့ဲတာ Ryanကိုဆွဲဖို့ဆိုပေမ့ဲ
အခု​တော့သူ့မှာဇက်​ကြောဆွဲ​ပေး​နေရတယ်
ဒါမတရားဘူးလို့​တော့ထင်တယ်

"Ryan! ပြောတော့ကိုယ့်ကိုပြုစုပေးမယ်ဆို
အခုကိုယ်ကပြန်ပြီးပြုစု​နေရသလိုပဲ"

"ဦးရော ဇက်ကြောဆွဲခံချင်လို့လား အရှေ့ဘက်ကို
လာခ့ဲဆွဲပေးမယ်"

"ဟင်အင်း ကိုယ်ကဆွဲတာဆိုရင်Ryanကိုဆွဲရတာပဲ
ကြိုက်တယ်"

"အင်းလေ အခုလည်းဦးကRyanကိုဆွဲနေတာပဲမဟုတ်လား"

Ryanအနောက်က ဦးကစိတ်ဆိုးနေပြီးဆိုတာ
မလှည့်ကြည့်လည်းသိသည် ရယ်ချင်နေပါသော်လည်း
ဆက်စချင်သေးသည်

"ဦး! နာတယ်လို့ သွား စိတ်မပါရင်လာမလုပ်ပေးန့ဲ"

"ပါပါတယ် လာကိုယ့်ပေါင်ပေါ်ခြေထောက်လေးတွေ
တင်လိုက် နှိပ့်ပေးမယ်"

အ့ဲလိုလည်းပြောလိုက်ရော ကောင်လေးရ့ဲခြေထောက်
ဖြူဖြုသွယ်သွယ်လေးက သူ့ရ့ဲပေါင်ထက်နေရာယူလာသည်
လက်မှာစည်းထားတ့ဲပတ်တီးကိုဖြည်တော့ ကောင်လေးက
မျက်လုံးလေးပြူးကာတားလာသည်

"ဦး! ဘာလို့ပတ်တီးဖြည်နေတာလဲ လက်နာနေတယ်လေ
ပြန်စည်းထား"

"ကိုယ့်လက်ကအကောင်းတိုင်းပဲ ကောင်လေးကိုစချင်
တာရော ကောင်လေးဂရုစိုက်ပေးတာရောခံချင်လို့
ဒေါက်တာကိုမျက်စိမှိတ်ပြလိုက်တာ"

ဒီတစ်ခါပြန်ပြီးအကြီးစား စခံလိုက်ရတာကRyan
ဖြစ်နေသည်

ရှိန်းခန့်ထည်ဝါစကားပြောပြီးRyanကိုကြည့်တော့
မျက်ရည်တွေဝဲနေပြီး ငိုမ့ဲမ့ဲလေးန့ဲ မဟုတ်မှ...

RYAN👑Where stories live. Discover now