"မိုးလေဝသခန့်မှန်းတိုင်းထွာချက်များအရ တိုင်ဖုန်းမုန်တိုင်း 'လိပ်ပြာ'ဟာ ယခုလလယ်အတွင်း ရုန်ချန်းကို ဉီးတည်ဗဟိုပြုလျက် ရှိနေပါတယ်၊ အများပြည်သူလုပ်သားများ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းအဖွဲ့အစည်းများအားလုံး ရေကြီးရေလျှံခြင်း၊ မိုးသက်လေပြင်းဒဏ်တို့ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါ၊ မုန်တိုင်းတိုက်ခတ်သော ရက်များအတွင်း အပြင်ထွက်ခြင်း မပြုဖို့ သတိပေးလိုပါတယ်"
ဤမိုးလေဝသသတင်းကြောင့်၊ ကုန်စုံစူပါမားကတ်ဆိုင်ကလေးထဲ ကြိတ်ကြိတ်တိုး စည်ကားနေသည်မှာ နွေဉီးနှစ်ကူးရာသီနှင့် မခြား။
ကျင်းယွီ ဈေးဝယ်လက်တွန်းလှည်းကို တွန်းရင်း လူအုပ်ကြားထဲ တိုးနိုင်သမျှ တိုးသွားလိုက်သည်။
သူ့ရှေ့က အဒေါ်ကြီးတစ်ယောက်၏ ထုံးကို နည်းနာယူကာ ဈေးနှုန်းကိုပင် ကြည့်မနေဘဲ ပစ္စည်းများ တွေ့ရာ မြင်ရာ မီရာ ကောက်ထည့်နေတော့ တစ်ပတ်ပတ်ပြီးသည့်အခါတွင် လှည်းခြင်းထဲ ပစ္စည်းများ အပုံအပင်အပြည့်ဖြစ်သွားတော့လေသည်။
"ဗျို့ အစ်ကိုကြီး၊ တစ်ခုခု ယူပြီဆိုရင်လည်း မျက်လုံးလေး ပြူးဖြဲပြီး အရင်ကြည့်စမ်းဗျာ၊ အခုက ဘာကြီး ယူထားပြန်တာတုန်း" မော့ဟိုင်က ဈေးခြင်းထဲမှ ပစ္စည်းထုပ်နှစ်ထုပ်ကို အသာကောက်ကြည့်လိုက်၏။
— လုံခြုံပေါ့ပါး၊ စုပ်ယူမှုကောင်း၊ ယိုစိမ့်ခြင်း မရှိ။ (ညသုံး/ တောင်ပံပါ)
ကျင်းယွီ - ". . ."
လူငယ်က မျက်ခွံများကို ပွတ်သပ်လိုက်ရင်း မော့ဟိုင်၏ စူးစမ်းအကြည့်များကို ရှောင်လွှဲနေလိုက်သည်။ "ငါ ဒီအတိုင်း မစဉ်းစားဘဲ ကောက်ထည့်လိုက်မိတာ"
"နှာဘူးကျလို့၊ ဒါက ဒီအတိုင်း ကောက်ထည့်လိုက်မိစရာ ပစ္စည်းလား" မော့ဟိုင်က ပြန်တုံ့သည်။
"ဟုတ်တယ် နှာဘူးကွာ" ကျင်းယွီသည် မော့ဟိုင်လက်ထဲမှ အထုပ်နှစ်ထုပ်ကို ဆွဲလုယူလိုက်ကာ ခြင်းထဲ ပြန်ထည့်ရင်း အသံခပ်အုပ်အုပ်ဖြင့် ပြောလေသည်။ "မင်း သတ္တိရှိရင် ငါ့ကို အော်ပြောစမ်းကွာ"
YOU ARE READING
ဝေလငါးနှင့် လိပ်ပြာငယ်
Romance"လိပ်ပြာတစ်ကောင်ရဲ့ သက်တမ်းဟာ ၃ ရက်ကနေ ၁ လအတွင်းကြာရှိတယ်တဲ့၊ ဒါပေမဲ့ အများစုကတော့ ၁ ပတ်လောက်ပဲ အသက်ရှင်ကြတယ်" "သူတို့လိုပဲ ငါ့မှာ လပိုင်းပဲ ကျန်ပြီ၊ လပိုင်းထက်လည်း တိုတောင်းနိုင်တယ်" - ဟူတျယ်ကို ကျင်းယွီ ပထမဆုံးတွေ့စဉ်က မိမိကိုယ်ကိုယ် အဆုံးစီရင်ရ...