Still wanna break up? _ 2

2.3K 71 9
                                    

Unicode

" မောင်.. နေ နေဦး.. "

အိပ်ခန်းထဲရောက်တာနဲ့ ရှောင်းကျန့်ကို ချီရက်သားအတိုင်း အိပ်ရာပေါ် အတူတူလှဲချလိုက်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် အမြန်တားလိုက်ရတယ်။ အတူနေဖို့ ဆန္ဒရှိပေမယ့် သူတို့ကိစ္စက ရှင်းလို့မပီးသေးဘူးလေ။ ရိပေါ်ဒေါသကိုကြောက်ပေမယ့် ကိစ္စတွေတော့ အရင်ရှင်းချင်သေးတယ်။

" အ့.. နေ ပါဦး မောင့်! "

ရှောင်းကျန့်စကားကို လျစ်လျူရှုပီး ကိုယ်ပေါ်က လျော့တိလျော့ရဲ တီရှပ်လေးကိုပဲ အတင်းဆွဲချွတ်ပေးနေတာမို့ ခပ်ဆောင့်ဆောင့်လေး အော်လိုက်တော့မှ လုပ်လက်စကို ရပ်ကာ စူးစူးရဲရဲ ငုံ့ကြည့်လာတယ်။

" ရှောင်းကျန့် ခင်များက အခုချိန်မှာတောင် ပြန်အော်ရဲသေးတယ်ပေါ့လေ "

" မ မဟုတ်ပါဘူး.. မောင်က စကားမှ နား မထောင်ပဲကို .. "

ကျွတ်ခါနီး အကျီလေးကို ပြန်ဆွဲချရင်း နှုတ်ခမ်းဆူလာတဲ့သူကြောင့် ရိပေါ်ကပဲ သက်ပြင်းချရင်း တထစ်လျော့ရပြန်ပါတယ်။

" ပြော ပြော.. ဘာလဲ.. "

" ဟို ခု ခုက အတူတူ နေကြတော့မှာ ဆိုတော့လေ "

" အင်း.. "

" အဲ့ ဒါကလေ ငါတို့.. "

" ရှောင်းကျန့် ကျုပ်စိတ်မရှည်တော့ဘူးနော်.. ! "

" ဟာ! မင်း အဲ့လို လုပ်နေလို့ ငါပြောမထွက်တာပေါ့ ဘာလို့ အဲ့လောက်ဒေါသကြီးနေတာလဲ! "

အထစ်ထစ်အငေါ့ငေါ့နဲ့ ရစ်နေတဲ့ ရှောင်းကျန့်ကို စိတ်မရှည်မိတာမို့ အသံလေး မာမိပါတယ် ပက်ခနဲ ပြန်ပြောခံလိုက်ရတာကြောင့် ရိပေါ် အံကြိတ်ထားမိတယ်။ ဒီလူကြီးလေးက ကြောက်တတ်တာလည်း သူ့ဖြင့်မရှိသလို စွာတတ်တာလည်း လွန်ပါရော။ ရိပေါ်က ဒေါသကြီးတယ်ဆိုရင် အဲ့လို ဒေါသထွက်အောင်လည်း သူပဲလုပ်ပီး သူပဲမရမက အနိုင်ပိုင်းကာ သူကပဲ ဝမ်းနည်းတကြီးနဲ့ အနိုင်ကျင့်ခံရကြောင်း အော်တတ်သူရယ်ပါ။

ရိပေါ် အသည်းယားဖို့ကောင်းလွန်းတဲ့ ယူန်သူငယ်လေးကို တကိုယ်လုံး ဖောက်ဝင်မတတ် စိုက်ကြည့်လိုက်ပြီး ရိပေါ်ရင်ဘတ်ပေါ်တင်ထားတဲ့ လက်လေးတဖက်ကို ဆုပ်ကိုင်လို့ သူ့ဘောင်းဘီဂွကြားကို တင်ပေးလိုက်တယ်။

BJYX Short CollectionsDonde viven las historias. Descúbrelo ahora