Ep 4

10.5K 872 225
                                    

#Unicode

Jungkook အိမ်ပြန်လာတော့ Taehyungကအိမ်မှာရှိမနေ..
လမ်းတောင်မလျှောက်နိုင်ဘဲ ဘယ်ကိုသွားနေလဲမသိ ။
ဖုန်းဆက်ကြည့်တော့လဲ စက်ပိတ်ထားသေးသည် ။

"ကျစ်.. Kim Taehyungကတော့ကွာ"

တစ်နေရာရာကို သွားစရာရှိနေတာမျိုးဆိုရင်လဲ သူ့ကိုတော့ကြိုပြောပြထားသင့်တယ်မဟုတ်လား ...
အခုတော့ ဘယ်ကိုလိုက်ရှာလို့ရှာရမှန်းပင်မသိတော့ ။

'တီ... တီ... တီ'

ရုတ်တရက်ဝင်လာတဲ့ဖုန်းကြောင့် Kim Taehyung ဟုထင်လိုက်မိပေမယ့် Contact name က Kim Mingyu...

"Mingyu ပြော"

'.....'

"ဘာ! မင်း သေချာကြည့်ထားလိုက် .. ငါအခုပဲလာပြီ"

သူကျောင်းသွားတုန်းကတော့ အိပ်ရာပေါ်ကတောင်မထနိုင်တဲ့ Kim Taehyungက အခုတော့ Clubကိုရောက်နေသည်တဲ့ ။
Clubမှာလဲ ကောင်မလေးတွေနဲ့တွဲကပြီး အပျော်ကြူးနေသည်ဟု Mingyuက လှမ်းပြောသည် ။
ကဲချင်လွန်းတဲ့ Kim Taehyung ရဲ့ကံက အမြဲတမ်းမကောင်း..... ဘာလို့လဲဆိုရင် သူရောက်တဲ့နေရာတိုင်းမှာ Eun Woo ဒါမှမဟုတ် Mingyu ရှိနေတတ်သည်လေ ။
Kim Taehyung က အဲ့ဒီနှစ်ယောက်နှင့် အမြဲတမ်းတိုး၏ ။
သစ္စာရှိတဲ့ သူငယ်ချင်းကောင်းနှစ်ယောက်ကလဲ Kim Taehyung ကိုတွေ့တာနှင့်တစ်ပြိုင်နက် သူ့ကို Autoဖုန်းဆက်ပြီးသားပင်။

အရှိန်ပြင်းပြင်းမောင်းလာတဲ့ ဆိုင်ကယ်တစ်စီးသည် BWL club ရှေ့တွင်ရပ်လိုက်၏။ထို့နောက် ဆိုင်ကယ်ပေါ်က Jungkookဆင်းလာပြီး ခြေလှမ်းခပ်ကျဲကျဲဖြင့် Clubထဲသို့ ဝင်လာတော့သည် ။

"Kim Taehyung ဘယ်မှာလဲ"

ရောက်ရောက်ချင်း တန်းတွေ့တဲ့ Mingyuကိုမေးခွန်းထုတ်လိုက်သည်။ ထိုအခါ Mingyuက အခန်းတစ်ခန်းကို မျက်စပစ်ပြပြီး

"မဒီတစ်ယောက်နဲ့ဝင်သွားပြီ"

"ချီး! မင်းကိုသေချာကြည့်နေပါလို့ ပြောထားရက်သားနဲ့"

"ကြည့်နေတာပဲလေ .. မျက်တောင်မခတ်ဘဲကိုကြည့်နေတာ ။ အဲ့တာကြောင့်လဲ ငါမင်းကိုပြောပြနိုင်တာပေါ့ကွ"

Mingyu နဲ့ရန်ဖြစ်မအားတာကြောင့် Taehyung ဝင်သွားသည်ဆိုသောအခန်းကိုသာ ဦးတည်ကာသွားလိုက်၏ ။

From Best Friend To Bed Friend(Completed)Where stories live. Discover now