🤍7🤍

630 94 48
                                    

ဆောင်းဟွန်းက ဂျယ်ယွန်းအိမ်တွင်တည်းနေရင်း လေးရက်မြောက်တွင် ဧကရာဇ်ထံမှ စေလွှတ်သော  ခြေမြန်တော်တပ်ဖွဲ့က မြူနှင်းငွေ့ရှိ ဒုက္ခသည်များကို ထောက်ပံ့အကူအညီပေးရန်ရောက်လာကြလေသည်။



ထို့ပြင် သူ့သားတော် ပြန်မလာသဖြင့် စိတ်ပူနေရှာသော ဧကရာဇ်က စုံစမ်းခိုင်းထားသော လူတစ်ချို့မှာ ဆောင်းဟွန်း၏ လူတွေဖြင့် လျှို့ဝှက်တွေ့ဆုံမိကြလေသည်။



ဆောင်းဟွန်းက ဒီနေရာမှမပြန်ချင်သေးသော်လည်း မပြီးပြတ်သေးသည့် အလုပ်ကိစ္စတွေကြောင့် မြို့တော်‌သို့ ပြန်ရတော့မည်ဖြစ်လေသည်



ဤရက်များအတောအတွင်းတွင် ဆောင်းဟွန်းက ဂျယ်ယွန်းအားကောင်းမွန်စွာ ‌ကျွေးမွေးစောင့်ရှောက်ခဲ့သဖြင့် ဂျယ်ယွန်း၏ ပါးလေးတွေမှာ ယခင်ကထက် ပိုပြီးပြည့်ဖောင်းဖောင်းလေးဖြစ်လာပြီး ကြည့်မိရုံမျှနှင့် တစ်ကိုက်မျှ ကိုက်ချင်စဖွယ်အတိဖြစ်လို့လာသည်။



ဂျယ်ယွန်းမှာလဲ ဆောင်းဟွန်း၏ စေတနာကို ကျေးဇူးတင်စွာဖြင့် ကောင်းမွန်စွာစားသောက်ရင်း ထို့အတွက်ကြောင့်ပင် ရင်နာနာနှင့် သူ၏ ပျားရည်ကို  ဆောင်းဟွန်းအားဆေးတိုက်ပြီးတိုင်းတစ်ဇွန်းမျှတိုက်‌ေလသည်။



ထိုအချိန်တိုင်းတွင် သူ့လက်ချောင်းများမှ ပျားရည်စက်များကိုပါမကျန် လျှာဖြင့်လျက်တတ်သော ဆောင်းဟွန်းအား ဂျယ်ယွန်းက ပိုမို ကိုယ်ချင်းစာမိလေသည်။



*အင်း  သူလဲ ငါ့လိုပဲ အချိုအ‌ေတာ်ကြိုက်တယ်ထင်တယ်*



ဂျယ်ယွန်းကိုယ်တိုင်လဲ လက်မှပျားရည်စက်များကိုပင် နှမြောတသဖြင့် လျက်တတ်သဖြင့် သူ့အတွက်တော့ ဆောင်းဟွန်း၏လုပ်ရပ်က ဘာမှမထူးဆန်းနေပေ။


ထိုအချိန်တိုင်းတွင်တပ်သားများနှင့် အထိန်းတော်များကတော့ ပါးစပ်ပိတ်ကာ မမြင်ချင်ယောင်ဆောင်နေဖို့သာ ထပ်မံရွေးချယ်ကြတော့သည်။


ဆောင်းဟွန်းက ဂျယ်ယွန်း၏ ပန်းရောင်သန်းသော လက်ချောင်းထိပ်လေးတွေမှပျားရည်စက်‌ေလးများအားလျက်နေသည့် ‌မြင်ကွင်းကို‌ေနတိုင်းလိုလို မြင်နေရသည့် လူတိုင်းရဲ့စိတ်ထဲတွင် တူညီသည့်အတွေးတစ်ခုပေါ်ပေါက်လာတော့သည်။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now