အင်ပါယာမြို့တော်တွင် လက်ရှိ၌ ဆောင်းရာသီေနှာင်းပိုင်းဖြစ်နေသေးသော်လည်း နေ့လည်နေ့ခင်းမွန်းတည့်ချိန်ဖြစ်တာမို့ နေရောင်က ဖြာကျလျက်ရှိ၏။
ဖျော့တော့သောနေရောင်အောက်တွင် ငွေလအင်ပါယာမြို့ေတာ်၏ နာမည်အေကျာ်ကြားဆုံး အင်ပါယာကျောင်းတော်ကြီးမှာ မြို့တော်၏ တောင်ဘက်ပိုင်းတွင် ခမ်းနားထည်ဝါစွာတည်ရှိနေသည်။
အင်ပါယာကျောင်းတော်မှာ ထူးချွန်ထက်မြတ်လှေသာစာပေပညာရှင်များ စုစည်းရာနေရာဖြစ်သည့်အတွက် ဂုဏ်သီတင်းမှာလဲ အထူးကျော်ဇောလှသည်။
မည်သည့်ခေတ်နေနေ ဘွဲ့ရ ပညာတတ်ဖြစ်သော ပညာရှင်များမှာ လူအများလေးစားကြည်ညိုခံလူတန်းစားများဖြစ်ကြသည်။
ထို့ပြင် ငွေလပြည့်ရှင်ဘုရင်မင်းမြတ်မှာ ဉာဏ်ပညာကြီးမားသဖြင့်အရည်အချင်းရှိသူကို ပို၍ အလေးထားရာ ဘုရင်မင်းမြတ်ထံမှ အသိအမှတ်ပြုခြင်းခံရသော ပညာရှင်များသည် အနည်းနှင့်အများတော့ ပညာဂုဏ်မောက်တတ်ကြသည်။
ထိုပညာရှင်ကြီးများသည် ဘုရင်မှလွဲ၍ တော်ရုံမင်းဆွေမင်းမျိုး တော်၀င်မျိုးနွယ်များကိုပင် တရေးတယူဆက်ဆံခြင်းမရှိကြချေ။
ထိုသို့ခေါင်းမာသော ဝါရင့် စာပေပညာရှင်ကြီးများထဲတွင် ကျောင်းတော်၏ ကျောင်းအုပ်နှင့် ဒုတိယကျောင်းအုပ်ဆရာကြီး၊ ပညာရပ်ဆိုင်ရာ ပါမောက္ခကြီးများကဲ့သို့သော လူအိုကြီးများမှာ အဆိုးဆုံးဖြစ်သည်။
သူတို့အားလုံးဟာ အိန္ဒြေသိက္ခာအပြည့်ဖြင့် တည်ငြိမ်ေအးေဆးကာ နိုင်ငံတစ်၀ှမ်းကျော်ကြားထင်ရှားသော နိုင်ငံ၏ ဂုဏ်ထူးဆောင် ပညာရှိကြီးများဖြစ်ကြသည်လေ။
သို့ပေမယ့် ယနေ့တွင်တော့ ချွင်းချက်တစ်ခုရှိနေခဲ့သည်။
ပုံမှန်အားဖြင့် အိန္ဒြေကြီးတစ်ခွဲသားဖြင့် ကိန်းကြီးခမ်းကြီးနိုင်လှသော ပညာရှိဆရာကြီးတို့မှာ လက်ရှိတွင် အင်ပါယာကျောင်းတော်တံခါး၀၌ တန်းစီပြီး မတ်တပ်ရပ်ကာ လှုပ်လှုပ်ရှားရှားဖြစ်နေကြလေသည်။
YOU ARE READING
𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)
Fanfictionနတ်ဆိုးဆန်တဲ့ မင်းသားတစ်ပါးက သူ့ရဲ့ ကြင်နာတတ်တဲ့ ကြင်ယာတော်အလှလေးကိုရဖို့ ဘယ်လိုတွေကြိုးပမ်းခဲ့သလဲဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ Sungjake Short Story Written in Burmese (Unicode) This is my gift for @eunnie_04 Hope Y'all Enjoy it💗