Chapter - 1728

740 99 4
                                    

Unicode 


Chapter - 1728 (လှနေရတာလဲ ဥပဒ်တစ်ခုပဲ)

နဉ်ရှုတာဝန်က ပိုင်ရီရှောင်နဲ့လီဂူဆီတို့ကို လက်စားပြန်ချေဖို့ဖြစ်တယ်။ အဲ့တော့ သဘာဝကျကျပဲ၊ ပိုင်ရှောင်ရီကို ဒီလိုလှပတဲ့အနာဂတ်မှာပျော်ရွှင်ဖို့ ခွင့်ပြုနေတော့မှာမဟုတ်ဘူး။

မင်းပြန်မွေးဖွားတယ်ဆိုလည်း မင်းရဲ့ဒုတိယဘဝကို ပျော်ရွှင်လိုက်တော့လေ။ ဘာလို့တခြားလူတွေရဲ့ဘဝတွေပျက်ဆီးဖို့ လိုက်လုပ်နေတာလဲ?

"ကိုကြီး၊ ဘယ်လိုအမျိုးသမီးမျိုးကို လက်ထပ်ချင်လဲ?" ချန်လီကို နဉ်ရှုမေးလိုက်တယ်။

ချန်လီခေါင်းကုတ်လိုက်တယ်။ "သေချာပေါက် ငါ့ကိုကောင်းကောင်းဆက်ဆံပေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ ဒါပေမယ့်၊ သူမလှနေရင် ပိုတောင်ကောင်းသေးတယ်"

နဉ်ရှုနှုတ်ခမ်းထောင့်တွေတွန့်သွားတယ်။

အင်အားမရှိရင် လှပနေရတာလည်း ဒုက္ခတစ်မျိုးပဲ။ ဒါက အမျိုးသားတွေရော အမျိုးသမီးတွေအတွက်ရော အမှန်တရားပဲ။

နဉ်ရှုခန့်မှန်းသလိုစကားတွေပြောပြီးတဲ့နောက်တော့ ပိုင်ရီရှောင်ရဲ့အခြေအနေက ပိုခက်ခဲလာတယ်။ အဓိကပြသနာက လီဂူဆီက သူမအိမ်ထဲမှာရှိနေခဲ့တယ်ဆိုတာပဲ။

ပိုင်ရှောင်ရီစောစောကတွေးထားတာက ချန်အာ့မိန်ကြိုးထုံးယက်လုပ်တာကိုသင်တယ်ဆိုတာက လီဂူဆီနဲ့တိတ်တိတ်လေးတွေ့ချင်လို့ဖြစ်ပြီးတော့ သူတို့တစ်ယောက်နဲ့တစ်ယောက် ပိုင်ရီရှောင်ရဲ့အိမ်မှာတွေကြဖို့သဘောတူထားကြတယ်ဆိုတာပဲ။

ဒါပေမယ့်အခုတော့ ချန်အာ့မိန်နဲ့လီဂူဆီတို့ကြား ဘာတစ်ခုမှဖြစ်မလာပဲနဲ့ သူမကပဲနားလည်မှုလွဲခြင်းရဲ့တရားခံလိုမျိုးဖြစ်သွားတယ်။

လီဂူဆီက ဒီလိုသုံးမရတဲ့အမှိုက်တစ်ခုဖြစ်နေတာကို စိတ်ထဲကနေပြောဆိုနေရုံမှတစ်ပါး ပိုင်ရီရှောင်ဘာမှမတတ်နိုင်တော့ဘူး။

ဖန်းယောင်ရစ်ငှက်နှစ်ကောင်နဲ့အိမ်ပြန်လာတော့ ပိုင်ရီရှောင်ခနလောက်သေချာတွေးပြီးတဲ့နောက် ဘာဖြစ်ခဲ့လဲဆိုတာ ဖန်းယောင်ကိုပြောပြလိုက်တယ်။

Reborn Peasant Woman (Realm 27)Where stories live. Discover now