ch. one

1.7K 122 2
                                    



⩩ ESSENTIAL : HEEJAKE •

မိုးလေဝသ အခြေအနေ မဟန်တာမလို့ အိမ်ကို စောစောပြန်ဖို့ အတွေးက နေရာယူသည် ။ လုပ်လက်စ အလုပ်တွေကို လက်စသတ်ကာ ကားသော့နဲ့ ကုတ်အင်္ကျီ , ပိုက်ဆံအိတ် တို့ကို သေချာ ယူကာ ရုံးခန်းတွင်းက ထွက်လာတော့ အတွင်းရေးမှူး နဲ့ အပြင်မှာ ရှိနေတဲ့ ဝန်ထမ်းတွေက တရိုတသေ နှုတ်ဆက်ကြသည် ။ သူကိုယ်တိုင်လည်း အပြုံးတစ်ခုဖြင့် အားလုံးကို ပြန်နှုတ်ဆက်ရင်း ကားပါကင်ဆီ ဦးတည်လိုက်သည် ။ ဓာတ်လှေကားကနေ ထွက်တာနဲ့ ကြားလိုက်ရတဲ့ မိုးခြိမ်းသံကြောင့် မျက်ခုံးတို့တွန့်သွားရသည် ။

ဗုဒ္ဓဟူး နေ့ဖြစ်တာမလို့ သမီးလေး ကို ကျောင်းကြိုဖို့က သူ့ရက် မဟုတ်သည့်တိုင် အကိုလေးရဲ့ကားက အင်ဂျင်လဲဖို့ ဝပ်ရှော့ပို့ထားရတယ် ဆိုသော အကြောင်းကြားစာကြောင့် သက်ပြင်းချကာ အိမ်ပြန်မဲ့အစား ကျောင်းကိုပဲဦးတည်လိုက်တော့သည် ။ အချိန်သည် ညနေ သုံးနာရီ ငါးဆယ့်ရှစ်မိနစ် ။

ဟီဆွန်း ကျောင်းရှေ့ကိုရောက်တော့ ကျောင်းသားမိဘတွေ , ကလေးတွေနဲ့ လူရှုပ်နေကာ မိုးရွာနေတာမလို့ ပိုလို့ ပျာယာခတ်နေကြတာကို တွေ့လိုက်ရသည် ။ အလွတ်ရနေတဲ့ ကျောပြင်လေး နှစ်ခုကို သတိထားပြီး လိုက်ရှာနေသော်လည်း အုံခဲနေတဲ့ လူအုပ်ကြား ဘယ်လိုမှရှာမရ ။ ဖြတ်ကနဲ ရောက်လာတဲ့ အတွေးကြောင့် ကားမှတ်တိုင် ဘက်ကို အကြည့်ပို့မိတော့မှ တက္ကစီး တွေကို တားနေတဲ့ အရိပ်လေးတွေအား တွေ့တော့သည် ။

" ယွန်းလေး ... "

" ဒယ်ဒီ ~ ! "

အမိုးအောက်က ပြေးထွက်လာတဲ့ သမီးလေး က ဟီဆွန်း ခြေသလုံးကို လာဖက်ရင်း မော့ကြည့်၍ ပြုံးပြလာသည် ။ အနည်းငယ် ရှုပ်ပွနေတဲ့ ကျစ်ဆံမြီးလေးနှစ်ဖက်နဲ့ မိုးစက်အချို့တင်နေတဲ့ မျက်နှာနုနုလေးကို အသာအနမ်းပေးလိုက်တော့ မျက်လုံးလေးတွေမှိတ်ကျတဲ့အထိ ထပ်ပြုံးသွားတဲ့ သမီး က ဟီဆွန်း ပါးကိုလည်း ပြန်နမ်းသည် ။

" ဒယ်ဒီ နောက်ကျသွားလား "

" နောက်မကျပါဘူး ဒယ်ဒီ ရဲ့ ယွန်းလေး တို့လည်း အခုမှ ကျောင်းဆင်းတာပါ ဒါပေမယ့် "

ESSENTIAL || HEEJAKE ( Hiatus ) Where stories live. Discover now