ch. two

782 92 8
                                    





⩩ ESSENTIAL : HEEJAKE •

နေခြည်နုနု ၏ ထွေးပွေ့မှုကြား လူးလွင့်၍ မျက်လုံးတို့ကို အသာဖွင့်ကြည့်မိတော့ လိုက်ကာစတွေကြားမှ ဖြာကျနေတဲ့ နေရောင်သည် အပြည့်အဝ မဟုတ်ပေမဲ့ ဂျယ်ယွန်း ကို နိုးလာအောင်တော့ လုပ်နိုင်စွမ်းရှိနေပါသည် ။ အနည်းငယ် ကိုက်နေသေးတဲ့ ခေါင်းကြောင့် မျက်မှောင်ကြုံ့ကာ နားထင်နှစ်ဖက်ကို ဖိ၍ ဘေးဘီကို ကြည့်မိတော့ အခန်းထဲတွင် လူရိပ်မတွေ့ရသလို သူ့ဘေးက နေရာလွတ်သည်လည်း အတန်သင့်အေးစပြုနေသည် ။ နာရီကို သတိတရ ကြည့်မိတော့ မနက် ၁၀ နာရီ ၄၅ မိနစ် ။

" နိုးပြီလား ဂျယ်ယွန်း "

" သမီးရော "

" ကိုယ်ကျောင်းကိုလိုက်ပို့ပြီး အခုပဲပြန်လာတာ "

" အင်း "

နာရီ ချွတ်ရင်း ဂျယ်ယွန်း ဘက်လှည့် ပြုံးပြလာသူက အပေါ်ထပ်ဝတ်ထားတဲ့ ဆွယ်တာကိုပါပြန်ချွတ်နေတာမလို့ ဂျယ်ယွန်း မျက်မှောင်အနည်းငယ်ကြုံ့၍ ကြည့်နေမိသည် ။ ထိုသည်ကို သတိထားမိပုံရသွားတဲ့ ဟီဆွန်း က ပိုပီပြင်တဲ့အပြုံးနဲ့အတူ ဂျယ်ယွန်း ဘေးက နေရာလွတ်ကိုလာလှဲပြီး ဂျယ်ယွန်း ကိုယ်လေးကိုပါ ခါးသိမ်သိမ်ကနေဖက်လို့ ပြန်ပြီး လှဲအိပ်စေသည် ။

" ခဏလောက် ပြန်အိပ်ရအောင် "

" ဟီဆွန်း အလုပ်မသွားဘူးလား "

" နေ့လည်ကျရင် ဆေးရုံတစ်ခါပြန်သွားပြပြီးတာနဲ့ သမီးကိုကြို ပြီးရင် အပြင်မှာ ညစာအတူစားကြမယ်လေ ကိုယ်စီစဉ်ထားပြီးပြီ "

" အလုပ်မသွားဘူးလား "

" အင်း ကိုယ် ဟီဒိုဟျောင်း နဲ့ လွှဲထားတယ် မသွားဘူး "

" ကောင်းပါတယ် ဒါပေမယ့် ကျွန်တော့်မှာတော့ လွှဲထားစရာလူမရှိလို့ အလုပ်သွားရမယ် "

ပြောပြီး ထဖို့ပြင်နေတဲ့ ဂျယ်ယွန်း က မရီမပြုံးမျက်နှာသေဖြင့် ဟီဆွန်း ကို တချက်ပင် လှည့်မကြည့် ။ နားမလည်သလို ခဏတာကြောင်အသွားတဲ့ ဟီဆွန်း က ဂျယ်ယွန်း ရေချိုးခန်းပေါက်ဝနားကို ရောက်တော့မှ သတိပြန်ဝင်လာတာပင် ။

ESSENTIAL || HEEJAKE ( Hiatus ) Where stories live. Discover now