ch. three

702 82 6
                                    




⩩ ESSENTIAL : HEEJAKE •

အိမ်ကိုပြန်ရောက်တော့ သမီးက အိပ်ပျော်နှင့်နေပြီမလို့ ဟီဆွန်း က ပွေ့ချီကာ အိမ်တွင်းအရင်ဝင်သွားသည် ။ ဂျယ်ယွန်း ကတော့ ဝယ်လာခဲ့တဲ့ မုန့်တွေကို ခြံစောင့်ဦးလေးကြီးနဲ့ အိမ်အကူတွေဆီ သေချာ သွားပေးပြီး ကားကို ပါကင်မှာသေချာထိုးရပ်ပြီးမှ အိမ်တွင်းကို လိုက်ဝင်လာတာပင် ။ ညဘက်ဆို အိမ်မကြီးမှာ သူတို့သုံးယောက်ပဲ နေတာမလို့ အပေါက်တွေအကုန်လုံးကိုလည်း လိုက်စစ်ရသေးသည် ။ အဲ့နောက်တော့ မနက်ဖြန် သမီးကို ကျောင်းထည့်ပေးဖို့ ဝယ်လာတဲ့ သစ်သီးတွေ နဲ့ နို့ဘူးတွေကို ရေခဲသေတ္တာထဲ သေချာသိမ်းဆည်းနေတဲ့ ဂျယ်ယွန်း က လုပ်နေကျအရာတွေမလို့ တန်းတန်းမတ်မတ် ။

သမီးကို သေချာသိပ်ပြီး အောက်ပြန်ဆင်းလာတဲ့ ဟီဆွန်း က အဝတ်အစားမလဲရသေး ။ မီးဖိုခန်းထဲအကြည့်ချက်ချင်းရောက်သွားတော့ မြင်လိုက်ရတဲ့ ကျောပြင်ကလေးကြောင့် သူ့နှုတ်ခမ်းတို့ တွန့်ကွေးသွားရသည် ။ ဟီဆွန်း ရဲ့ အနွေးထည်ကို ပေးဝတ်ထားတာမလို့ ပုံမှန်ထပ်ပိုသေးငယ်နေတဲ့ ဂျယ်ယွန်း အနား တိုးကပ်သွားကာ နောက်ကျောကနေသိုင်း၍ ဖက်လိုက်တော့ တစ်ချက်တွန့်သွားတဲ့ ကိုယ်လေးသည် လက်ဖျားလေးတွေပင် တုန်ရီသွားသည် ။

" သမီး ကို ကိုယ်သိပ်ခဲ့ပြီ ဂျယ်ယွန်း လည်းနားတော့လေ "

ခပ်တိုးတိုးဆိုလိုက်တဲ့ နှစ်ကိုယ်စာကြားနိုင်ရုံလောက် စကားတွင် ဂျယ်ယွန်း ဘက်က တုံ့ပြန်မှုရှိမလာပေမဲ့ ပိုပိုမြန်ဆန်လာတဲ့ အသက်ရှုသံကြောင့် ဒီကောင်လေးရှက်နေတာ ဟု ဟီဆွန်း ကယူဆလိုက်မိသည် ။ ထို့အတွက် သူ့အပြုံးတွေက ပိုပိုပီပြင်လာကာ ဂျယ်ယွန်း ပုခုံးလေးကို အနမ်းပေးမိတော့ မမျှော်လင့်ထားတဲ့ ဂျယ်ယွန်း ဆီက အပြုအမူကြောင့် ဟီဆွန်း ဟာ လန့်သွားရတော့သည် ။

ဖက်ထားတာကို ရုန်းလိုက်သည့်အပြင် ဟီဆွန်း ကိုပါ ဆောင့်တွန်းလိုက်တဲ့ ဂျယ်ယွန်း က မျက်လုံးအိမ်တို့နီရဲနေခဲ့သလို အကြည့်တို့ကလည်း ဂဏာမငြိမ် ။ နောက်က စားပွဲစောင်းနဲ့ ထိမိသွားတဲ့ ခါးကဒဏ်ကိုတောင် သတိမရနိုင်စွာ ဂျယ်ယွန်း အနားကို ပြန်ကပ်သွားတော့ ထအော်လိုက်သည့် ကောင်လေးဟာ သိပ်ကို ခါးခါးသီးသီး ။

ESSENTIAL || HEEJAKE ( Hiatus ) Where stories live. Discover now