တဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းသည်
ညက သူများသွားပြီဆိုတဲ့ သက်သေပင်။
အလုပ်မှာ အဆင်မပြေဖြစ်ခဲ့သမျှ အရက်နဲ့ပဲ
ဖြေဖျောက်ခဲ့ခြင်းအတွက် နောင်တရချင်သလိုလိုပင်။နယ်မှာရှိတဲ့ မိဘတွေကို ထောက်ပံ့နိုင်ဖို့
မြို့ကြီးပြကြီးမှာ ကိုယ်တတ်တဲ့ ပညာလေးနဲ့
အလုပ်ဝင်ခဲ့ပြီး စာရေးနေရာကို ရရှိခဲ့သည်။
နောက်မှ ရောက်လာသည့် ဝန်ထမ်းဖြစ်သည့်အတွက် စီနီယာ ဝန်ထမ်းများ၏
Pressure ကို ခံစားရသည်။
သူဟာ ယောင်္ကျားလေးဖြစ်လင့်ကစား
မန်နေဂျာ၏ ရိသဲ့သဲ့စကားများကိုလည်း
ကြားရသည်။ထို့ကြောင့် သည်းမခံနိုင်တဲ့အဆုံး
အလုပ်ထွက်ခဲ့ခြင်းဖြစ်သည်။အလုပ်လက်မဲ့ ဖြစ်သွားခြင်းအတွက် ဂုဏ်လည်းပြုရင်း၊ဝမ်းလည်းနည်းရင် သုံးပုလင်းလောက် ဆင့်သောက်ခဲ့ခြင်းသည် ခုတော့ မျက်လုံးပင် အနိုင်နိုင်ဖွင့်နေရသည်။ခေါင်းထောင်ဖို့ဆိုတာ ဝေးစွ။သို့သော်လည်း သူအိပ်နေသော အိပ်ယာ၏ နူးညံ့မှု၊သင်းပျံ့သော အမွှေးရနံ့ကြောင့် သူနေတဲ့ တိုက်ခန်းမဟုတ်ဘူးဆိုတာ အတွေးပေါက်လာရသည်။လက်ဖြင့် မွေ့ယာကို စမ်းကြည့်ရင်း
ဒါဟာ သူ့အိပ်ရာ မဟုတ်ဘူးဆိုတာ သိလာရသည်။ဒါဆို သူဘယ်ရောက်နေတာလဲ?အထိတ်တလန့်စိတ်နဲ့အတူ မျက်လုံးတန်းပွင့်ကာ
ထထိုင်မိတော့သည်။အရင်ဆုံး မိမိကိုယ်ကို
ပြန်ကြည့်သည်။မနေ့က အဝတ်အစားအတိုင်းရှိနေသေးသည်။သက်ပြင်းလေးတစ်ချက် ချမိသည်။ထို့နောက် အခန်းတွင်း သေချာ စေ့စေ့စပ်စပ်ကြည့်နေရင်းမှ dreambedပေါ် အိပ်နေသောသူအား မြင်တော့သည်။
ဘယ်သူကြီးပါလိမ့်?
ကုတင်ပေါ်မှ အသာဆင်းကာ
စူးစမ်းသော မျက်လုံးလေးများနဲ့ တဖြေးဖြေး
ခြေလှမ်းများတိုးလာသည်။"ဟင်!"
Dreambed ပေါ် အိပ်နေသူအနား
Jimin ခြေဖွသွားပြီး အနီးကပ်ကြည့်လိုက်မှ
ချောမောပြေပြစ်လှသော မျက်နှာကို မြင်လိုက်ပြီး ဟင်ကနဲ အသံပင်ထွက်မိသည်။ချောလိုက်တာ။
စိတ်ထဲကနေ ကြိတ်ချီးကျူးနေမိတော့သည်။
YOU ARE READING
Dear
Short Storyအချိန်ခဏလေးတွင် ဆုံတွေ့ခဲ့သော အချစ်သည် ဘဝတစ်သက်စာအတွက် လုံလောက်ခဲ့ပါသည်။