Part-3

1K 96 3
                                    

"jimin ...ငါ မင်း တိုက်ခန်းမှာပဲ အိပ်မှာနော်"

"အေးပါကွာ"

Yoongiသည် jiminရဲ့ ဇာတိမြို့က သူငယ်ချင်းဖြစ်သည်။ယခု မြို့ကို တက်လာခြင်းက
အလုပ်ကိစ္စ အတွက် ခေတ္တလာခဲ့ခြင်းလည်း ဖြစ်သည်။ထို့ကြောင့် ဆိုလ်းတွင်နေသော jiminထံသို့ သူလာမည့်အကြောင်း ဖုန်းကြိုဆက်ထားခဲ့ပြီး ၊ယနေ့တွင်တော့ yoongiကို ကားဂိတ်တွင် သွားကြိုရခြင်းဖြစ်သည်။

Taxi နဲ့သာ နှစ်ယောက်တူတူ ပြန်လာကြခြင်းဖြစ်ပြီး yoongiက  jiminတိုက်ခန်းမှာပဲ တည်းခိုမည်ဖြစ်ကြောင်း ပြောသည်။ကော်တရာ ကပ်စီနှဲလေး yoongiကို ကြည့်ကာ jimin တိတ်တိတ်သာ ရယ်မိတော့သည်။

ဤသို့နှင့် တိုက်ခန်းရှေ့ ရောက်သည့် အချိန်မှာတော့  taxiပေါ်က ဆင်းလိုက်ကြပြီး
အခကြေးငွေကို ‌jiminကပဲ ပေးလိုက်သည်။

"ဒီနေရာလား?"

"အင်း"

"မဆိုးပါဘူး။လာ! မင်း အခန်းကို သွားမယ်"

Yoongiသည် jiminတိုက်ခန်းကို ကြည့်ပြီးသည်နှင့်
သူ့အထုတ်အပိုးများကို ဆွဲကာ အထဲဝင်ရန် ခြေလှမ်း ပြင်သည်။jiminလည်း တိုက်ခန်းဆီ သွားရန် ခြေလှမ်း လှမ်းမိစဉ်

"Park jimin !!"

ဟိန်းကနဲ ထွက်လာသော ခေါ်သံသည် သေချာပေါက် ဒေါသများ လွှမ်းနေတော့သည်။
Yoongi ရဲ့ ခြေလှမ်းများ ရပ်သွားပြီး သူ့နောက်က
Jimin ဆီသို့ လှည့်ကြည့်သည်။jiminလည်း
နောက်လှည့်ကြည့်မိတော့ ‌ထင်ထားသည့်အတိုင်း
Jungkook ပင်။jungkook ကို တွေ့သည်နှင့်
Jiminသည် မျက်နှာပျက်သွားကာ ခပ်တည်တည်သာ ကြည့်နေလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ?"

"ဘာလာလုပ်တာလဲ?"

အမေးစကား နှစ်ခုက တစ်ပြိုင်နက်ထဲ
ထွက်ပေါ်လာပြီး တစ်ယောက်ကို တစ်ယောက် အကြည့်စူးစူးတို့နဲ့ ကြည့်နေသော နှစ်ယောက်ကို
ကြည့်ကာ yoongi ဘာလုပ်ရမှန်းမသိ။ဘာမှန်း မသိတာမို့ ငြိမ်ငြိမ်နေလိုက်တာပဲ ကောင်းသည်။

"မင်းနဲ့ သူနဲ့က ဘာတွေလဲ?

Yoongi ကို မေးငေါ့ပြကာ မေးလာခြင်းအပေါ်
Yoongi ကိုယ်တိုင်ပင် ကြောင်တောင်တောင်နိုင်သွားသည်။ထို့ကြောင့် လက်ထဲက အထုတ်များကို ချကာ jimin ရှေ့က လူအား ပြုံးပြလိုက်ရင်း

You've reached the end of published parts.

⏰ Last updated: Oct 05, 2023 ⏰

Add this story to your Library to get notified about new parts!

Dear Where stories live. Discover now