meow

902 109 27
                                    

ချွမ်ရွေ့ ညက ဟိုကောင်လေးကောင်းမှူကြောင့် အရှက်သည်းပြီးတော်တော်နဲ့အိပ်မပျော်လိုက်တာ။ မနက်နိုးတော့ မှန်ကြည့်လိုက်ပေမယ့် မျက်နှာလည်းပုံမှန်လေးပဲရှိနေသေးလို့တော်သေးသည်။

ဟူး...မြင်လား စောစောစီးစီး ဂင်မ်ဂယူဘင်းအကြောင်းကိုတွေးတာကစသည်။ စစချင်းကတည်းက အရမ်းလွယ်ကူတဲ့ပုံစံမျိုးဖြစ်မနေစေချင်သည်မို့ ချွမ်ရွေ့ကိုယ့်ကိုယ်ကိုယ်သတိပေးထားလိုက်သည်။

*Knock Knock*

"မားမား...သား နိုးနေပါပြီဗျ..."

"ချွမ်ရွေ့"

ဂင်မ်ဂယူဘင်း!?
အဲ့တစ်ယောက်က ဘာလို့ သူများအိမ်ကို စောကြီးလာနေတာလဲ?

အ၀တ်ဗီရိုရှေ့ကမှန်ကို ချွမ်ရွေ့အပြေးကြည့်လိုက်သည်။

ရက်စ်!အရမ်းကြည့်ကောင်းတယ်!

ချောင်းတစ်ချက်ဟန့်ပြီး ချွမ်ရွေ့တံခါးကိုလှပ်ပေးလိုက်တယ်။

ဘုရားရေ!သူက ဘာလို့အဲ့လောက်ကြည့်ကောင်းရတာလဲ? ချွမ်ရွေ့တစ်ခဏမှင်သက်မိသွားသည်။

ချွမ်ရွေ့ မျက်၀န်းလေးတွေကို တည့်တည့်စိုက်ကြည့်နေတဲ့ ဂယူဘင်းရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေက ကော့တက်သွားသည်။

"ချွမ်ရွေ့....ကြည့်လို့၀ရင် ကျနော်တို့ အောက်ဆင်းကြမလားဟင်?"

ခိုးကြည့်နေတာမဟုတ်ဘဲပေါ်တင်ကြည့်နေတာ လူမိသွားတာမို့ ချွမ်ရွေ့နားရွက်နှစ်ဖက်ဟာ ပန်းနုရောင်သန်းသွားရသည်။အရှက်ပြေချောင်းတစ်ချက်ဟန့်ရင်း

"အဟမ်း! ဘယ်သူက မင်းကိုကြည့်နေလို့လဲ?"

ဂယူဘင်းကပြုံးတယ်။

"ဟုတ်ပါပြီဗျာ...ချွမ်‌ရွေ့မကြည့်ပါဘူး"
"ဘယ်ကကြောင်ဖြူလေးလဲမသိပါဘူး ကျနော့်ကို မျက်တောင်မခတ်ဘဲကြည့်နေတာထင်ပါတယ်"

ချွမ်ရွေ့ ဂယူဘင်းကို မျက်စောင်းတစ်ချက်ထိုးပြီး အောက်ထပ်သို့အပြေးဆင်းခဲ့တယ်။ဘယ်လိုလူပါလိမ့် ရှက်ပါတယ်ဆို!!

"ရွေ့ရွေ့...ဂယူဘင်းကို ဘာလို့တစ်ယောက်တည်းထားခဲ့ရတာလဲ..သူက သားကိုလာခေါ်တာကို"

You've reached the end of published parts.

⏰ Last updated: Oct 06, 2023 ⏰

Add this story to your Library to get notified about new parts!

စတော်ဘယ်ရီချိုချဉ်[GyuRicky]Where stories live. Discover now