this story may be slice of life genre n im not pretty sure of your heart's contentTT
kindly ignore this oneif it's not okay for you.__________________________________________
"ရွေ့ရွေ့....ဘာတွေတွေးနေတာလဲ?"
မာမားရဲ့ခပ်ဆူဆူအသံကြောင့် ချွမ်ရွေ့ လက်ရှိအခြေအနေသို့အသိစိတ်ဟာပြန်ရောက်လာတယ်။ဧည့်ခန်းမှာရှိနေတဲ့လူကြီးတစ်ချို့စီမှာ စိတ်ကရှိမနေပါပေ။ ချွမ်ရွေ့တွေးမိနေတာ ချွမ်ရွေ့ကြောင်လေးနို့သောက်ရမယ့်အချိန်ရောက်ပြီဆိုတာပဲ။
မြောင်မြောင်လေးဗိုက်ဆာနေရင်တော့ ဒုက္ခပါပဲ။
"ရွေ့ရွေ့....ဂယူဘင်းနီးက ရပ်စောင့်နေတာ"
"အာ ဟုတ်...မာမား"
ဂယူဘင်း။ ဂင်မ်ဂယူဘင်း။
တစ်ခါမှတောင်မတွေ့ဖူးဘဲ အရင်တစ်ပတ်ပိတ်ရက်ကမှ မာမားတို့မိတ်ဆက်ပေး၍သာ နောက်လထဲကျရင် ထိုသူနှင့်ချွမ်ရွေ့စေ့စပ်ပွဲရှိကြောင်း သိရသည်။ သိသိချင်း စိတ်အနည်းငယ်ခုသွားပါသော်ငြား မျက်နှာချင်းဆိုင်မှာထိုင်နေခဲ့တဲ့ထိုလူရဲ့မျှော်လင့်ချက်အပြည့်နှင့် မျက်၀န်းညိုညိုတွေကြောင့် သူဟာ လူကြီးတွေရဲ့စကားဝိုင်းကို ငြိမ်ငြိမ်လေးနားထောင်နေခဲ့တာဖြစ်တယ်။၂၃နှစ်အရွယ်ဆိုတာ ငယ်ပါသေးသည်။ ချွမ်ရွေ့ဘ၀ထဲ တစ်ယောက်တည်းလုပ်ဖို့ စိတ်ကူးထားတာတွေ အများကြီးရှိတာပါ။ သို့ပေသည့် နောက်လထဲမှာတင် သူဟာ နှောင်ကြိုးတစ်ခု၏အစကို ချည်နှောင်ခံရတော့မည်။
ချစ်တာမချစ်တာအသာထား။ တစ်ဘ၀လုံးလက်တွဲသွားရမည့်သူဖြစ်သည့်အလျောက် ဂယူဘင်းအကြောင်းကို ချွမ်ရွေ့သိအောင်ကြိုးစားမည်ဟုဆုံးဖြတ်ထားသည်။
ဧည့်ခန်းနံရံမှာရှိနေတဲ့ မျက်နှာပေါ် မှန်ချပ်အသေးမှာ ထင်နေတဲ့ ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး ချွမ်ရွေ့အပြုံးလေးတစ်ခုဆင်မြန်းလိုက်တယ်။
မြောင်မြောင်ရယ်...ကိုကို ခဏနေပြန်လာမှပဲ
နို့သောက်တော့နော်။_________________________
"ချွမ်ရွေ့..."
"ကိုယ်...အဲ.."
"ငါ...မဟုတ်သေးဘူး"
"ကျနော်...."
