Ep 6

9.6K 756 196
                                    

#Unicode

"ဟင်!"

Taehyung တအံ့တသြငေးကြည့်နေသည့်နေရာကို Jungkook လိုက်ကြည့်လိုက်သည်။
ထိုအခါ ထိုင်ခုံကြီးပါသယ်ပြီး Canteenကိုရောက်ချလာသည့် အတန်းခေါင်းဆောင်ကိုတွေ့လိုက်ရ၏ ။
ကျပ်မပြည့်တဲ့အရူးက ဖင်ထိုင်ခုံကနေထလို့မရတာတောင်မှ ခုန်ပါ မ,လာပြီး ရောက်အောင်လာသေးသည် ။
Jungkook စိတ်ပျက်လက်ပျက်ဖြင့် စုတ်သပ်လိုက်မိ၏ ။

"အတန်းခေါင်းဆောင်... ဘယ်လိုဖြစ်လာရတာလဲ"

အနားကိုရောက်လာသည့် အတန်းခေါင်းဆောင် Min Chan Hyunအား Taehyung မေးခွန်းထုတ်လိုက်သည်။

"ဘယ်ကလေးက လက်ကမျဥ်းသွားလဲမသိဘူး ။ထိုင်ခုံမှာ ကော်တွေကပ်နေတာ... ငါလဲ ဘယ်လိုမှခွာလို့မရတာနဲ့ ထိုင်ခုံပါ မ,လာလိုက်တာ"

Chan Hyunစကားကြောင့် Taehyung မှာ ရယ်ရခက် ၊ ငိုရခက်ပင် ။
ဒီလိုပုံစံနှင့် Canteenအထိရောက်လာနိုင်သည့် ဇွဲကလဲမသေးပေ ။

"အတန်းခေါင်းဆောင်အတွက် ကြိုပြီးယူထားပြီးပြီ ။ ဟင်းတွေက အဆင်ပြေရဲ့လား"

"ပြေတယ်... ပြေတယ် ။ Taehyung မှာပေးရင် ဘာပဲနေနေအဆင်ပြေတယ်"

Taehyung နှင့် ပတ်သက်ရင် အဲ့ဒီလိုပုံစံဖြစ်နေတဲ့ အတန်းခေါင်းဆောင်အရူးကို Jungkook အမြင်ကတ်သည်က လွန်မည်မထင် ။
ဝေးဝေးနေစေချင်လို့ မသိအောင်ရော၊သိအောင်ပါ သတိတွေပေးထားသည်ကို မရမကတွယ်ကပ်နေသေး၏။
Min Chan Hyunဆိုသူက Jungkook အတွက်တော့ တကယ့်ကိုအရှုပ်ထုတ်ပင်ဖြစ်သည် ။

"Taehyung ... စိတ်မရှိရင် ငါ့ကိုအတန်းခေါင်းဆောင်လို့မခေါ်ဘဲ Chan Hyunလို့ပဲခေါ်ပါလားဟင်"

"အာ.. ရပါတယ်"

အတန်းခေါင်းဆောင်ကောင်က Taehyung ကိုကြည့်လိုက် ၊ ပြုံးလိုက် ၊ ထမင်းစားလိုက်၊စကားပြောလိုက်ဖြင့် သာယာနေသလို Taehyung ကလဲ အတန်းခေါင်းဆောင်ကို အရေးလုပ်ပြီး စကားပြောပေးနေသည်။
ထိုအချင်းအရာက Jungkook အတွက်တော့ စိတ်ရှုပ်ဖို့ကောင်းသည် ။
ထမင်းဝိုင်းမှာ အသံတိတ်ထိုင်နေရတဲ့သူက အပိုလူလိုလို...
အလိုမကျမှုကြောင့် မျက်မှောင်ကုတ်ထားသော်လဲ Kim Taehyung ရဲ့အာရုံက သူ့ဆီမှာရှိမနေ...
အရူးကောင်နှင့်သာ ဓာတ်ကျလို့နေ၏။

From Best Friend To Bed Friend(Completed)Where stories live. Discover now