【1】

181 24 0
                                    

နတ်ဘုရားအက်စ်စတီးရပ်စ် တရားစီရင်ရေးကွင်းပြင်၌ရောက်နေသည်ဟူသော သတင်းက ကောင်းကင်ဘုံတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ထိုသတင်းကြောင့်ရောက်လာကြသော ရာထူးအနိမ့်အမြင့်မရွေး နတ်ဘုရားအမြောက်အမြားမှာ တမဟုတ်ချင်းပင် တရားစီရင်ရေးကွင်းပြင်တစ်ခုလုံးကို နေရာမလပ် ဝန်းရံလိုက်ကြသည်။

သတင်းကြားကြားချင်း အပြေးလာသော ကံကြမ္မာရေးရာနတ်ဘုရားဂျိတ်ခ်သည် တရားစီရင်ရေးကွင်းပြင်သို့အရောက် မြင်လိုက်ရသော သွေးပျက်ဖွယ်မြင်ကွင်းကြောင့် ခြေလှမ်းတို့က တုံ့ခနဲ ရပ်တန့်သွား၏။ ထိုမြင်ကွင်းကား နတ်ဘုရားရောင်ဝါ စိုးစဥ်းမျှမရှိတော့ဘဲ သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သော အက်စ်စတီးရပ်စ်​၏ပုံရိပ်ပင်။ သာမန်လူအဖြစ် ပြောင်းလဲခံရခြင်းသည် နတ်ဘုရားတစ်ပါးအဖို့ တရားစီရင်ရေးကွင်းပြင်မှ ချမှတ်နိုင်သော အကြီးမားဆုံးပြစ်ဒဏ်ဖြစ်သည်။

ကောင်းကင်ဘုံတစ်ခုလုံးတွင် အက်စ်စတီးရပ်စ်သည် နတ်ဘုရားဂုဏ်သရေအပြည့်ဖြင့် ဖြောင့်မတ်တည်ကြည်ပြီး အပြစ်သေးသေးလေးတောင် ရှာမရသည့် ဆင်းလုံးချောအဖြစ် နာမည်ကျော်ကြားသူဖြစ်၏။ ထိုကဲ့သို့ဂုဏ်သတင်းမွှေးသူက ဘယ်လိုအပြစ်မျိုးကိုကျူးလွန်မိလို့ သာမန်လူသားအဖြစ် ပြစ်ဒဏ်ပေးခံရသလဲဟူ၍ နတ်ဘုရားအများစုကလည်း မေးခွန်းထုတ်နေလျက်။

အက်စ်စတီးရပ်စ်သည် ကွင်းပြင်အလယ်တွင် ငြိမ်သက်စွာရပ်နေရာမှ သူငယ်ချင်းဂျိတ်ခ်၏အသံကြောင့် နောက်သို့ လှည့်ကြည့်လာ၏။ ဂျိတ်ခ်သည် သူငယ်ချင်းအတွက် ယူကြုံးမရဖြစ်မိသော်လည်း ကျိန်းသေပေါက် အကြောင်းအရင်းရှိရမည်ဆိုတာကို သိနေတာကြောင့် မေးမြန်းရန် ပြင်လိုက်သည်။

" အကြောင်းအရင်းကဘာလဲ၊ မင်းရဲ့အရာအားလုံးကို လဲလှယ်ရတဲ့အထိ ကြီးမားတဲ့အပြစ်ကဘာလဲ အက်စ်စတီးရပ်စ် " 

" အချစ်.... "

" ဘာ "

အချစ်...အပြစ်၃မျိုးထဲကမှ နတ်ဘုရားတွေအတွက် အကြီးမားဆုံးအပြစ်ပင်။

ဂျိတ်ခ်၏မျက်ဝန်းအစုံမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားမိသည်။

FROST『Sungjeng』Where stories live. Discover now