#အဲ့ဒါက စတင်ခဲ့တယ် ။
-ရာသီဥတုက သာယာတယ်လို့ထင်ပါသလား။ သေချာပေါက်အတိအကျတော့မဟုတ်ဘူးပေါ့....သဘောကျတဲ့လူက ကျိန်းသေကိုနှစ်သက်ပြီးတော့ သဘောမကျတဲ့လူက ရူးလောက်အောင်ကိုမကြိုက်ဘူးလေ။ လောကကြီးကလည်း အဲ့လိုမျိုးပါဘဲ။ တဝက်တဝက်စီရှိနေတဲ့ အဲ့ဒီလောကကြီးထဲမှာ အကုန်လုံးက စိတ်ရဲ့ကျေးကျွန်အနေနဲ့ရှိနေကြတယ်။-
- ငါကတော့ အီဆန်းယော့။ ဒီလောကကြီးထဲမှာ ရာသီဥတုက မိုးရွာနေရင်တောင် မနက်စောစောထပြေးနိုင်တဲ့ အဲ့လောက်ထိ မိုးရာသီကိုသဘောကျတဲ့လူပါ။ -
-ပြေနေတဲ့ဖိနပ်ကြိုးကိုငုံ့ချည်ကာ သေချာဝတ်ဆင်ထားတဲ့ဟူဒီနက်ပြာရောင်ကိုခေါင်းဆောင်းပြီး တစ်စက်နှစ်စက်ကျဆင်းနေတဲ့မိုးရေထဲကိုလမ်းလျှောက်ရင်းနဲ့ထွက်သွားခဲ့သည်။ လျှောက်နေရင်းမှအရှိန်ယူကာ အိမ်ရှေ့ကနေဝေးသောနေရာသို့ပြေးထွက်သွားခဲ့သည်။ -
"အိမ်ရှေ့က ဘယ်သူလဲ "
"သခင်လေးအီဆန်းယော့
မနက်ခင်းလမ်းလျှောက်ထွက်သွားတာပါ။ "" အွန်း ဟုတ်ပြီ။
သေချာလိုက်စောင့်ရှောက်ခိုင်းလိုက်။ ""ဟုတ်ကဲ့ သခင်ကြီး "
- မျက်မှန်တပ်ထားတဲ့အသက်ကြီးကြီးလူတစ်ယောက်က ဦးညွတ်ကာ ထမင်းစားခန်းထဲကနေထွက်သွားခဲ့သည်။ ပြီးတော့ ခုနက သခင်ကြီးဆိုသူက ဘယ်ဘက်ခြမ်းကလူဆီကိုလှည့်ကာစကားဆိုလိုက်သည်။ -
"ဂျယ်ဟျွန်း....အလုပ်တွေဘယ်လိုအခြေအနေရှိလဲ "
"အဆင်ပြေပါတယ် ဦးလေး။ "
"ကောင်းတယ်....အားကိုးပါရစေ။
ဆန်းယော့က မင်းအမေနဲ့တူတယ်။ စိတ်ပျော့တယ်။ ငါအားကိုးလို့မရနိုင်ဘူး။ "" ဆန်းယော့က ငယ်သေးလို့ပါ....ကလေးသဘာဝနည်းနည်းဆိုးရုံပေါ့။ "
" မင်းကဘဲ ငါ့သားကိုငါ့အစားဂရုစိုက်ပေးပါဦး။ "
"ဟုတ်ကဲ့ "
YOU ARE READING
Hibiscus
Fanfictionငါ့ဘက်က မင်းအပေါ် ရင်ခုန်တာမျိုးမရှိခဲ့ရင်..... ဒါမှမဟုတ်... အချိန်တွေကို နောက်ပြန်ဆုတ်လို့ရခဲ့ရင်..... 2nd 25.10.2023 ~~