Episode (4)[ SUNGRIWOO]

72 13 2
                                    

# ပေါက်စလေးရဲ့ ကိုကို။

- ညနေ5:00 -

- ဂျယ်ဟျွန်းအနားယူလိုက်ရင်းကနေ အဲ့အချိန်ဖြစ်သွားခဲ့သည်။ ဖျက်ကနဲကောက်ပွင့်လာတဲ့မျက်လုံးနှစ်လုံးကတစ်ခုခုကိုသတိရသွားဟန်။ -

- ကင်မ်အွန်းဟက်ကိုကျောင်းကြိုရဦးမယ်။ ဘယ်နှနာရီရှိပြီလဲ။ ၅နာရီတောင်ထိုးသွားပြီ ကျောင်းဆင်းတာတစ်နာရီလောက်ရှိပြီပေါ့။ -

" ဟယ်လို! ဆောင်းဟို။ "

"အေး ပြော "

" မင်း အွန်းဟက်ကိုကျောင်းကြိုလိုက်သေးလား။ "

" ဟင့်အင်း။ မင်းသွားကြိုမယ်ဆိုလို့ ငါကအခုဆိုင်စောင့်နေတာပေါ့။ "

" ဒုံဟျွန်းတို့ရောပြန်လာပြီလား။ "

" အေး ပြန်ရောက်နေပြီ "

" ငါ...ငါသွားလိုက်မှာမလို့ ဆိုင်ဘဲဆက်စောင့်နေတော့နော်။ "

- ပြောပြီးတာနဲ့ ချက်ချင်းဖုန်းချလိုက်ကာ အိပ်ယာပေါ်က​နေကုန်းရုန်းထပြီး အဝတ်အစားလဲကာ ကားထဲဝင်ပြီးတာနဲ့ခပ်မြန်မြန်သာမောင်းလာခဲ့သည်။ မနက်က အသေးလေးကို သူလာကြိုမယ် လာမကြိုမချင်းဘယ်မှမသွားနဲ့မှာထားခဲ့တာ။ ဟုတ်တာပေါ့....ကိုယ်ရေးကိုယ်တာကိစ္စတွေရှုပ်သွားတာနဲ့ သူမေ့သွားတာ။ အသေးလေးရေ အစ်ကိုတကယ်တောင်းပန်ပါတယ်။ -

- ကျောင်းရှေ့ရောက်တော့ ဟိုရှာဒီရှာ ရှာရင်း တစ်နေရာအရောက်တွင် ​ဆောင့်ကြောင့်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ -

- ကျော်ပိုးအိတ်လေးကိုခုံတန်းလေးပေါ်တင်ထားရင်း မှောင်ရီစပျိုးလို့ဖွင့်ထွန်းထားသောလမ်းမီးတိုင်အောက်တွင် အွန်းဟက်ကိုရှာတွေသောကြောင့် စိတ်အေးသက်သာသွားပုံရသည်။ ဖြေးဖြေးချင်းလမ်းလျှောက်သွားလိုက်တော့ သူ့အရှေ့မှာရှိနေတဲ့ကြောင်လေးတစ်ကောင်နဲ့စကားပြောနေခြင်း။ -

" မင်းလည်းတစ်ကောင်တည်းအထီးကျန်နေတာလား။ ငါ့လို စွန့်ပစ်ခံရတာလား။ အများကြီးရောနာနေလား။ "

" အသေးလေး "

" ဟော အစ်ကိုတောင်ရောက်လာပြီ။ "

Hibiscus Where stories live. Discover now