# ဂျစ်တူးကောင်လေးရဲ့အဖော်။
။ Dongmin POV:
- သူရဲ့ဒုက္ခလှလှလေး တစ်နည်းအားဖြင့် သူ့ရဲ့ဒုံဟျွန်းဆီကိုသွားဖို့အလုပ်ကနေတောင်ခွင့်ယူလာခဲ့သည်။ ချိန်းထားသည့်အချိန်ထက်နှစ်ဆယ့်ငါးမိနစ်လောက်စောပြီးရောက်နေခဲ့သည်။ ဒီနေရာက ဒုံဟျွန်းအထက်တန်းကျောင်းသားအရွယ်တုန်းက မိဘတွေနဲ့အတူနေခဲ့တဲ့အိမ်။ ပထမဆုံးအလုပ်ဆင်းတဲ့ရက်၊ ကင်းလှည့်ရင်းဒုံဟျွန်းနဲ့စတွေ့ခဲ့တာ။ အဲ့ကလေးကတော့မမှတ်မိနိုင်ဘူးလေ။ သူ့ကိုစခန်းမှာပြောဆိုဆူပူနေတဲ့ လူတစ်ယောက်အနေနဲ့ဘဲမြင်နေတာ။ -
- အိမ်ရှေ့မှာ ထပ်ခါတစ်လဲလဲ လျှောက်လှမ်းနေတာ လမ်းနိမ့်ပြီးမြေကျွံမှာတောင်ကြောက်ရသည်။ အတွေးတွေထဲ ကင်မ်ဒုံဟျွန်းရဲ့လွှမ်းမိုးမှုက တစ်စတစ်စပိုလာခဲ့သည်။ -
- ထိုအချိန်ဘေးနားကဖြတ်သွားသောလူလေးယောက်။ -
" မင်းတို့သေချာရှာကြစမ်း။ ဟုန်းသခင်ကြီးလက်ထဲမသေချင်ရင်အဲ့နှစ်ယောက်ကိုရအောင်ရှာလာခဲ့။ "
- ဟုန်းသခင်ကြီး?-
- နားပါးသောဒုံမင်းမှ ကြားလိုက်မိသည်။ -
- ငါသိတဲ့ဟုန်းသခင်ကြီးလား။ စီနီယာဒိုဂယောင်းပြောတဲ့ဟုန်းအိမ်တော်လား။ ဒါဆိုသူတို့ရှာနေတာက....-
- ထိုလူအုပ်စုနောက်သို့ဒုံမင်းတိတ်တိတ်လေးလိုက်သွားခဲ့သည်။ -
Leehan POV:
- ဟန်ဒုံမင်းနဲ့တွေ့ဖို့ချိန်ထားသည့်နေရာကိုမရောက်ခင် ဟုန်းအိမ်တော်ကလူတွေလိုက်လာတာကြောင့် ဒုံဟျွန်း အသည်းအသန်ပြေးလာခဲ့သည်။ maskလည်းတပ်ထားသည့်အပြင် ဦးထုပ်လည်းဆောင်းလာတာမလို့ သူ့ကိုမရိပ်မိလောက်ဘူးထင်ထားပေမဲ့ တစ်ချိန်လုံးစောင့်ကြည့်နေတာကြောင့် သူ့မှာလွတ်လမ်းမရှိ -
" ဖမ်းထား! "
" အာရှီးး...."
- ဒုံဟျွန်းစိတ်ပျက်သွားကာ ရပ်ကွက်တစ်ပတ်လောက်ထပ်ပြေးရန်ဆုံးဖြတ်လိုက်သည်။ ငယ်ရွယ်စဥ်ကတည်းက နေလာခဲ့သည့်ရပ်ကွက်မလို့ ဘယ်နားကခွေးက ဘယ်လိုနာမည်ရှိသည်ဆိုတာကအစသိသည်။ ဒါကြောင့်လမ်းတွေကဒုံဟျွန်းအတွက်မခက်ခဲဘူး။ -
YOU ARE READING
Hibiscus
Fiksi Penggemarငါ့ဘက်က မင်းအပေါ် ရင်ခုန်တာမျိုးမရှိခဲ့ရင်..... ဒါမှမဟုတ်... အချိန်တွေကို နောက်ပြန်ဆုတ်လို့ရခဲ့ရင်..... 2nd 25.10.2023 ~~