Part - 4

761 83 8
                                    

တက္ကသိုလ်ကျောင်းသားဘ၀ကိုလ၀က်လောက် ကျော်ဖြတ်ပြီးရင် စာမေးပွဲတွေဖြေပြီးတာနဲ့ဘွဲ့ယူရမဲ့အချိန်ကိုရောက်ကြတော့မည်။ ကျွန်တော်လည်းသူငယ်ချင်းအသစ်နဲ့ အများကြီးခင်မင်မှုရှိခဲ့တယ်။

"fourth ငါနင်နဲ့ခင်လာတာကြာပြီ နင့်ဆီမှာချစ်သူရည်းစားရှိတယ်လို့ ငါမကြားမိဘူး ဘာလို့လဲ"

ပန်းချီဆွဲဖို့ဈေးဆိုင်မှာ ရေဆေးတွေ၀ယ်နေရင်း Love ကမေးလာသည်။ သူတို့နှစ်ယောက်အများစုက အကြိုက်တူသည်မို့ သူငယ်ချင်းဖြစ်ကတာအရမ်းပေါင်းသင်းလို့ကောင်းသည်။

"ငါထားကြည့်ချင်ပေမယ့် Phuwin ကလိုက်နှောက်ယှက်နေတယ်လေ ဘယ်လိုလို့ကြားမလဲ"

ဒီလိုမေးရဲတာ Phuwin အကြောင်းကိုမသိသေးလို့ဘဲဖြစ်ရမည်။ အဲ့ကောင်ဘယ်လောက်ဆိုးလဲဆိုရင် အရင်ပတ်က‌....

ကျောင်းကိုစောစောရောက်နေတဲ့အချိန် ခုံရှေ့ကိုလာရပ်တဲ့ မိန်းကလေးဖိနပ်တစ်စုံကိုမြင်သည်။ သူမကထိုင်ခွင့်ရမလားမေးတာနဲ့ ခေါင်းညိတ်ပြလိုက်သည်။

"fourth ဟိုတစ်မျိုးမထင်ပါနဲ့ ၊ ငါနင့်ကိုစမြင်ကထဲက သဘောကျနေတာ အဲ့တာနင့်သိရင်ဘယ်လိုစဉ်းစားပေးမလဲဟင်"

မိန်းကလေးဘက်ကနေရင်းထိုင်ရင်း ချစ်ခွင့်ပန်ခံရတော့ ဘာပြောကမှန်းမသိဖြစ်သွားသည်။ ကျွန်တော့်ကယောကျာ်းလေးဖြစ်တာမို့ တစ်ဖက်မိန်းကလေးကိုချက်ချင်းငြင်းရင်မကောင်းတာကြောင့် စဉ်းစားပေးမယ်ပြောလိုက်တော့ ပြေးထွက်သွားသည်။

အိမ်ပြန်ရောက်တာနဲ့ စကားပြောရအောင်ဆိုပြီး အတင်းလက်ကိုဆွဲခေါ်သွားတဲ့ Phuwin ဆိုတဲ့ကောင် ။

"လွှတ်အုန်း သေမလိုဆွဲနေရလား"

"မရဘူး ၊မကြိုက်ဘူး ၊မလုပ်နဲ့ ငါမင်းကိုပြောထားတယ်လေ fourth "

"ဘာ ...ဘ..ဘာကိုလဲ"

ကျွန်တော်လက်မောင်းတွေဆွဲကိုင်ပြီး လှုပ်ခါနေသည်မို့ Phuwin ကိုကြောက်တောင်ကြောက်သွားရသည်။ စကားတွေတောင်ထစ်နေရပြီ။

"ငါမေးနေတယ်လေ fourth !!!... ငါမင်းကိုကြိုက်တယ် မင်းကိုလဲပိုင်ဆိုင်ချင်တယ် ။ဒါကြောင့်ငါမင်းအနားမှာ ဘယ်သူမှရှိတာမကြိုက်ဘူး ပြောထားတယ်လေ။ အခုကဘာလို့ဟိုကောင်မကို စဉ်းစားပေးမယ်ပြောလိုက်တာလဲ"

Tripartite love (GeminiFourth)Where stories live. Discover now