Part - 11

1.1K 73 24
                                    

အရာအားလုံးကဘယ်လိုပဲ ကိုယ်နဲ့စခဲ့ပေမယ့် တစ်ခြားသူနဲ့အဆုံးသတ်တော့မယ်။ သူပျော်နေရင်ဖြစ်ပေမဲ့ ကိုယ်ကတော့အရက်ခွက်ထဲမူးမေ့မတတ် ခံစားနာကျင်ရတယ်။

မင်းကိုမေ့နိုင်အောင်သောက်မယ်.. မင်းမရှိတဲ့ရက်တွေအတိတ်တွေကရုန်းမထွက်နိုင်တဲ့ငါ့ကိုငါမေ့သွားအောင်သောက်မယ်။

"ဟိုမန်နေဂျာ..ရှိသမျှ ပုလင်းတွေအကုန်ချ "

လည်ချောင်းထဲပြင်းရှရှ၀င်သွားတဲ့ အရည်တွေက မကောင်းဘူးလို့ လာတားမဲ့သူမရှိတဲ့အခါ ပိုလို့သောက်မိသည်။ အရက်ကလည်းမကောင်းမှန်းသိရင်သောက်တယ် ..မင်းကငါ့ကိုမချစ်တော့တာတောင်ငါကချစ်တယ်။

မကောင်းတဲ့အရာကိုမှ လူတိုင်းကကိုယ့်အတွက်ဘဲရှိနေတာပါဆိုပြီး တထစ်ကျယုံကြည်ထားမိတာ။

ဒီနေ့အလုပ်ကိစ္စတိုင်ပင်စရာရှိတာကြောင့် ဘားမှာ Pondရောက်နေရသည်။ လူရှုပ်‌တဲ့နေရာသိပ်မကြိုက်ပေမဲ့ အကပိုင်းတွေကြည့်ရတာကြောင့် ဒီနေရာကအဆင်ပြေလို့ရွေးချယ်လိုက်သည်။

"မတွေ့တာကြာပြီဘဲ...နိုင်ငံခြားကရှယ်ယာတွေထဲ ကျွန်တော်ပါချင်လို့ ကူညီပါအုန်း Boss Pond "

"အပေးရှိရင်အယူရှိကတယ်..ကဲပြောမင်းဘက်ကဘာပေးမလဲ "

သိပ်ပြီးခက်ခဲတဲ့ကိစ္စမဟုတ်တာကြောင့် ခဏလေးနဲ့ညှိနှိုင်းလို့အဆင်ပြေသွားသည်။ ဘယ်သူမို့လို့လဲ စီးပွားရေးလောကမှာ လူအိုတွေကြားနာမည်ကြီးနေတဲ့ နာမည်ကြီးလူငယ်တစ်ယောက်ဘဲလေ။ တစ်ယောက်ထဲခဏလောက်ထိုင်ကာ သောက်နေရင်း နားထဲကို၀င်လာတဲ့တစ်စုံတစ်ယောက်ရဲ့ ‌အသံဆူးဆူးလေးကိုသတိထားမိသွားသည်။

နောက်ကျောကိုကြည့်လိုက်ရင်း အသံကိုခန့်မှန်းရာ ဟိုတစ်နေ့ကတွေ့ခဲ့တဲ့ ကောင်လေးဆိုတာသေချာသည်။ မူးနေတယ်ထင်ပါတယ် fourth ပြောပြလို့ သူတို့ကြားသုံးကြားကိစ္စကိုယ်လဲသိထားသင့်သလောက် သိထားသည်။

သောက်နေတာ ဘယ်လိုတောင်သောက်သလဲ ငယ်ငယ်လေးနဲ့ ဘေးဖြစ်တော့မှာဘဲ။ ကောင်လေးလက်ထဲကခွက်ကိုလုလိုက်ရာ ဒေါသကြီးစွာလှည့်ကြည့်လိုက်သည်။

Tripartite love (GeminiFourth)Where stories live. Discover now