မြှားနတ်မောင်တွေတကယ်ရှိတယ်လို့ ထင်လား။
ဒါဆိုသူတို့တွေက ချစ်သူမောင်နှံတွေကို ဘယ်လိုဆုံစည်းပေးကြတယ်ထင်လဲ?
လူသားတစ်ယောက်ကိုမြှားနဲ့ပစ်ပြီး မျက်စိဖွင့်ဖွင့်ခြင်းမြင်ရတဲ့သူကို ချစ်မိအောင်လုပ်တာလား။
ဘာသာရေး၊ယုံကြည်မှု၊ရှေးစာဆို တွေအပေါ်မူတည်ပြီး ထင်မြင်ချက်တွေကွဲလွဲလာတယ်။
တကယ်တော့ မြှားနတ်မောင်တွေက ဆုံဆည်းခွင့်ပါလာတဲ့ သူနှစ်ယောက်ကို ကံကြမ္မာအပေါ်မူတည်ပြီး နီးကပ်အောင်ကြိုးစားပေးနေတဲ့ နတ်တစ်မျိုးပါပဲ၊ အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ ကံပါလာရင် ချစ်မိစေဖို့က သူတို့တာ၀န်ပဲလေ။
လူ့လောကကြီးထဲမမြင်နိုင်တဲ့တည်ရှိမှုက လက်တွေ့အကျဆုံးနည်းနဲ့ လူနှစ်ယောက်ကိုပေါင်းစည်းစေတယ်။
ဉပမာ လွန်ခဲ့တဲ့တစ်နှစ်၊ တူညီတဲ့အချိန် တူညီတဲ့စာနဲ့ မတူညီတဲ့ကောင်လေးနှစ်ယောက်ဆီရောက်ခဲ့တဲ့ ပါဆယ်ဘူး။
နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပင်မဲ့၊ ဒီနှစ်ယောက်က လန်ဒန်မြို့မှာတွေ့ကိုတွေ့ရမဲ့ ကံပါလာသည်။
ကံကြမ္မာဆိုတဲ့ စာအုပ်ထဲမှာရေးသားထားတာက၊
"အနူးညံ့ဆုံးချစ်ခြင်းတွေနဲ့ အဆုံးသတ်မရှိတဲ့ ပျော်ရွှင်မှု"
သေချာတာကတော့ ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ကောင်နှစ်ယောက်ကနီးစပ်မယ်ဆိုတာပါပဲ။
- TBC -
Indigo Promise
- May 18 2024
Jane Carlyn.
YOU ARE READING
𝖨𝗇𝖽𝗂𝗀𝗈 𝖯𝗋𝗈𝗆𝗂𝗌𝖾 || 𝖡.𝖩
Fanfictionတစ်ခုတည်းသောအနွေးဓါတ်၊ လန်ဒန်မြို့ထဲက ကိုယ့်ရဲ့နေခြည်.. ။ 𝖬𝖺𝖽𝖾 𝖻𝗒 @ 𝖢𝖺𝗋𝗅𝗒𝗇 𝖩𝖺𝗇𝖾