Unicode//
Someone's Pov
" 5:53 "
ပန်းနုရောင် ကောင်းကင်ပုံထင်းနေတဲ့ ဓါတ်ပုံကင်မရာထောင့်စွန်းကအချိန်လေးကို ကြည့်ရင်း ကိုယ်တောင်မသိလိုက်ပဲ ပြုံးမိလိုက်သည်၊ တစ်နေနေရာမှာရင်းနှီးနေခဲ့သလိုမျိုး။
" အကို ယောန်ဂျွန်း ကျွန်တော်ဒီမှာ "
ကောင်းကင်ကိုချိန်ထားတဲ့ကင်မရာလေးကို အသံလာရာသို့တစ်ဖြေးဖြေးရွှေ့ကြည့်လိုက်တဲ့အခါ အနွေးထည်ထဲ ခေါင်းလုံးလုံးလေးနစ်အောင်၀တ်ထားတဲ့ ကောင်လေးတစ်ယောက်ဟာ ခုံဆွခုံဆွနှင့် အလွန်ပျော်နေပုံရ၏။
" အွန်း ထယ်ဟျောန်း မလှုပ်နဲ့ဉီး အဲ့တိုင်းနေ "
ချလပ်၊ သုံးစက္ကန့်တောင်မကြာလိုက်ချိန်မှာတော့ ချွဲယောန်ဂျွန်း ဖန်တီးထားတဲ့အလှတရားလေးက အပြင်ကလူအတိုင်းချစ်ဖို့ကောင်းနေခဲ့သည်။
လက်ထဲကကင်မရာချလိုက်တာနဲ့ ရင်ခွင်ထဲအင့်ခနဲပြေးဝင်လာတာက လုံးတုံးတုံးလေး၊အဲ့ဒီနေရာမှာ ထယ်ဟျောန်းသာကိတ်မုန့်ဆို ကိုက်စားခံနေရပြီဖြစ်သည်။
" အဟား ဘာစားချင်တာရှိလဲ ထယ်ဟျောန်းလေး "
" အွန်းးးး တော့ပိုကီ "
" အိုခေ သွားရအောင် "
ယောန်ဂျွန်း ဘယ်လိုကနေစပြီး Photographer ဖြစ်ခဲ့တာလဲဆိုရင် ထယ်ဟျောန်းနဲ့အတူ လျှောက်သွားရင်း လမ်းမှာဓါတ်ပုံတွေလျှောက်ရိုက်တာကနေ " Yawnzzn " ဆိုတဲ့ နာမည်ကြီး Photographer ဖြစ်လာတော့တာပဲ။
သူက It boy လို့နာမည်ပြောင်တောင်ရထားသေးတယ်၊ Instagram မှာ post တစ်ခုတင်တိုင်း သူ့ရဲ့ဖန်တွေရူးခါသွားတာ ချွဲယောန်ဂျွန်းရဲ့ effect လို့ပြောရမလား။
ယောန်ဂျွန်းကတော့ လူတိုင်းရဲ့ crush ဖြစ်ရတာလဲ ကြိုက်ပင်မဲ့လဲ၊ သေချာပေါက် သာမန်ဘဝလေးမှာအေးအေးဆေးဆေးဖြတ်သန်းရတာပိုသဘောကျပါတယ်။
" အကို့ အိမ်ရှေ့မှာအထုတ်တွေပုံနေပြီနော် "
" အာ ဟုတ်သားပဲ ရှင်းရဦးမယ် "
ထယ်ဟျောန်းရဲ့သတိပေးသံနဲ့အတူမျက်စိရှေ့မှာပေါ်လာတဲ့အိမ်ရှေ့ကပါဆယ်ပုံးတွေ။ ယောန်ဂျွန်းရဲ့အိမ်လိပ်စာပေါက်ကြားပြီးတဲ့နောက်မှာ Fan တွေက Letter ဒါမှမဟုတ်ရင်လက်ဆောင် box လေးတွေထားလေ့ရှိတယ်၊ တံခါးခေါက်ပြီးမျက်နှာလေးတွေ့ချင်လို့ပါဆိုပြီးတော့ ဒုက္ခမပေးကြပါဘူး၊ သိတတ်တယ်လို့ပြောရမလား။
တဖြေးဖြေးနှင့်လာထားသည်စာအိတ်တွေများလာတဲ့အချိန်မှာတော့ လွန်ခဲ့တဲ့တစ်နှစ်က သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တဲ့ ပါဆယ်ထုပ်လေးကိုမတွေ့လိုက်တာဆန်းကြယ်မည်တော့မဟုတ်။
" အကိုဘယ်တော့ ကိုရီးယားပြန်မှာလဲ "
" ဘာလို့လဲ ငါတော့မပြန်ချင်သေးဘူး လန်ဒန်ကလေကပိုရှူလို့ကောင်းတယ် "
သြော်ဆိုသည််အနေဖြင့်ခေါင်းဖွဖွငြိမ့်ကာ မျက်စိရှေ့ကကြောင်ပေါက်လေးသည် သူနှင့်အတူရှိလာသည်မှာနှစ်တွေချီလေသည်။ ယောန်ဂျွန်းရဲ့တစ်ဦးတည်းသော သူငယ်ချင်း...? ဒါမှမဟုတ်လဲအဲ့ထက်ပိုနိုင်ခြေရှိသည်။
အဆုံးသတ်တော့မယ် ဘယ်မှာလည်းအချစ်ရေးလို့တွေးနေကြမယ်ထင်တယ်၊ ယောန်ဂျွန်းက ကိုရီးယားမှာ ရည်းစားနဲ့အဆင်မပြေဖြစ်ကတည်းက လန်ဒန်ကိုထွက်လာခဲ့ပြီး ထယ်ဟျောန်းနဲ့တွေ့ခဲ့တာဖြစ်သည်၊ စရောက်သည့်နေ့ကထဲကအခုထိပင် ရည်းစားမထားခဲ့ပါ၊ သူ့ရဲ့စိတ်ထဲတွင်တော့ ကံကပေးတွေ့မှာပေါ့လိုသာခံယူထားတယ်၊
တကယ်လို့လွန်ခဲ့တဲ့တစ်နှစ်ကပါဆယ်ထုပ်လေးကိုသာတွေ့ခဲ့ရင်...။
Indigo Promise
- 23.9.2023
Thanks For 📖
Jay 💨(っ'-')╮=͟͟͞͞💌
YOU ARE READING
𝖨𝗇𝖽𝗂𝗀𝗈 𝖯𝗋𝗈𝗆𝗂𝗌𝖾 || 𝖡.𝖩
Fanficတစ်ခုတည်းသောအနွေးဓါတ်၊ လန်ဒန်မြို့ထဲက ကိုယ့်ရဲ့နေခြည်.. ။ 𝖬𝖺𝖽𝖾 𝖻𝗒 @ 𝖢𝖺𝗋𝗅𝗒𝗇 𝖩𝖺𝗇𝖾