A cup of coffee

1.9K 132 80
                                    

ကဖေး‌လေးအမည်က'munmuang'တဲ့။

မူလတန်းလောက်ကစသင်ခဲ့ရတဲ့grammarတွေထဲမှာငါသဘောအကျဆုံးtenseက'present perfect'ဖြစ်မည်ထင်သည်။

အတိတ်ကာလကနေလက်ရှိကာလထိဖြစ်ပျက်နေသည့်အရာတွေကို'since'ဟူသည့်ရိုးရှင်းသည့်စကားစုတစ်စုဖြင့်ရှင်း
လင်းစွာဖော်ပြနိုင်သည်။

အဲ့သလိုမျိုး၂၄နာရီအလုပ်ချိန်ပြည့်နေတတ်သည့်ငါ့ဘ၀ထဲကိုcappuccinoပူပူလေးတစ်ခွက်ကနှလုံးသားထဲကိုခုထိအငွေ့နွေးနွေးလေးတွေလာဟပ်နေလိမ့်မည်ဟုမတွေးခဲ့မိ
သည်ကအမှန်။

"ယနေ့အတွက်မီနူးလေးပါsir"

သတိမထားမိခင်မှာပဲငါ့နှုတ်ခမ်းတွေကပြုံးယောင်သန်းသွား၏။မေလရဲ့ရာသီဥတုကဒီလောက်အေးချမ်းသာယာမှန်းသူမသိခဲ့ချေ။

"Cappuccino"

'ဟုတ်'ဟုဆိုလျက်ကော်ဖီကောင်တာလေးစီအပြေးရောက်သွားတဲ့ကျောပြင်လေးနောက်ကပ်ပါသွားတဲ့သူ့အကြည့်တွေ။အမျိုးသားတစ်ယောက်ရဲ့ကျောပြင်ကအဲ့သလောက်လှနိုင်သလား?

သေချာတာကတော့ကောင်တာမှာကော်ဖီစက်တွေနဲ့အလုပ်ရှုပ်နေတဲ့ကောင်ကလေးရဲ့သွယ်လျလျခါးလေးကထိုအရာကိုအဖြေပြန်ပေးနေနှင့်ပါပြီ။

ကောင်တာက၀န်ထမ်းတွေနဲ့ပြုံးရီကာအလုပ်ရှုပ်နေတဲ့ကောင်ကလေးကိုငေးနေတုန်းအသံမြည်လာသည့်အိတ်ကပ်ထဲကဖုန်း။

စိတ်ရှုပ်စွာလေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်းလေးပင်နေသည့်လက်တွေဖြင့်ဖုန်းအ၀င်ကောလ်‌ကိုငါကိုင်လိုက်၏။

"ပြော"

'boss! meetingကစတော့မယ်ဗျ ခုဘယ်ရောက်နေတာလဲ'

"ကော်ဖီသောက်နေတာ"

'ဘာဗျ!!!'

ဖုန်းထဲကအတွင်းရေးမှူးရဲ့အသံတွေကိုနားမထောင်ချင်တော့တာကြောင့်ငါချလိုက်သည်။ချိုအီအီနံ့ကလေးဘေးတွင်ဖြတ်သွားသည့်အခါငါအလိုမကျဖြစ်မိသွားသည်။

မျက်နှာချင်းဆိုင်တွင်ချပြီးသွားပြီဖြစ်တဲ့ကော်ဖီခွက်အားကြည့်လျက်ငါ့မျက်ခုံးတွေဟာတွန့်ချိုးသွား၏။အတွင်း
ရေးမှူးဖုန်းကိုသာမကိုင်ခဲ့ရင်စကားပြောဖြစ်ဦးမှာ။

911*can't stop falling in love with him! (geminifourth ff✅)Where stories live. Discover now