Ready to love you!

603 85 71
                                    

ကိုယ်အဆင်သင့်ဖြစ်ပြီထင်တယ်။

ဒီမနက်ရာသီဥတုသာယာသည်။တနင်္လာနေ့ဖြစ်တာကြောင့်ရုံးပိတ်ရက်တော့မဟုတ်။ပြီးတော့ထူးထူးဆန်းဆန်းဒီနေ့ငါsuitမ၀တ်ထားပါ။

ရိုးရိုးရှပ်အင်္ကျီအဖြူကိုဂျင်းဘောင်းဘီအပြာနုလေးဖြင့်တွဲ
၀တ်ရင်းအလုပ်ဖိုင်တွေထည့်ထားသည့်ဘေးသိုင်းအိတ်ကလေးကိုလွယ်ကာပုံမသွင်းထားသည့်ဆံပင်တွေကိုသပ်တင်လိုက်သည်။

ပုံမှန်ထက်လူကလန်းဆန်းနေပြီးအပြုံးတွေဟာတောက်ပနေ
သည်။ဘာလို့ဆိုငါ့မှာအထူးအစီစဉ်ကြီးတစ်ခုရှိလို့။ဒီမနက်ပဲ
phuwinကသူ့အမျိုးသားရှိရာLAကိုပြန်သွား၏။

မပြန်ခင်တစ်ညအလိုမှာphuwinဟာချစ်နေရင်သိုဝှက်မထားသင့်ကြောင်းမိုတီတွေပေးခဲ့သဖြင့်fourthကိုဖွင့်ပြောမည်ဟုငါစိတ်ဆုံးဖြတ်ချက်ချလိုက်သည်။

Fourthကလဲငါ့ကိုသဘောကျသည်။ဒါကသေချာသည်ဟုငါသတ်မှတ်လိုက်၏။မနေ့ညထဲကfourthပေးလိုက်တဲ့စကားသံတစ်ဝဲဝဲကြောင့်ငါ့စိတ်တွေပိုခိုင်မာလာခဲ့သည်။

အငြင်းမခံရနိုင်သလိုအငြင်းခံရရင်လဲဆွဲနမ်းပစ်မည်ဟုငါကြိုတွေးထား၏။fourthကရိုးရှင်းတာကိုသဘောကျသည်။ငါကလဲရိုးရှင်းစွာပဲဖွင့်ပြောမည်။

ဒီတစ်ခါCEOတစ်ယောက်အနေနဲ့မဟုတ်ပဲဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်အနေနဲ့ငါfourthကိုဖွင့်ပြောချင်သည်။

ဘာပကာသနမှမပါပဲငါဆိုသည့်ဖြစ်တည်မှုတစ်ခုတည်းကိုသာfourthကိုလက်ခံစေချင်ခြင်းကြောင့်။

______________________________

"ကြိုဆိုပါတယ်"

ချွှမ်ခနဲမြည်သွားသည့်ခေါင်းလောင်းသံနှင့်အတူစားပွဲတွေသုတ်နေသည့်ဆိုင်ရှင်ပေါက်လေးကအာရုံတွေမပါပဲကြိုဆိုလာ၏။

ငါခပ်တိုးတိုးလေးရီမိသွားသည်။ချစ်စရာကောင်း‌တဲ့ကောင်လေးကအလုပ်များနေတဲ့အခါပိုချစ်စရာကောင်းပါသည်။fourthကိုမြင်တိုင်းငါ‌တွေးမိသည့်စကားစုတစ်ခုက'ချစ်စရာကောင်းတယ်'သာဖြစ်သည်။

"အဟင်း.. cappuccinoတစ်ခွက်လောက်ပါခွန်fourth ka"

အလုပ်ရှုပ်နေရာမှလှည့်ကြည့်လာသည့်ကောင်ကလေးဟာအံ့ဩမှုအပြည့်။မထင်ထားသည့်ငါ့အမေးကိုခေါင်းတစ်ငြိမ့်ငြိမ့်နှင့်ပင်နားထောင်လျက်ကောင်တာသို့သွားလေသည်။

911*can't stop falling in love with him! (geminifourth ff✅)Where stories live. Discover now