F for forever and ever

783 87 43
                                    

ဒီတစ်သက်တော့ကိုယ်ဟာမင်းနဲ့မှဖြစ်ပါလိမ့်မည်။

"ကိုယ့်အချစ်ကလေးရေ~ကိုကို့လှလှလေးရေ~"

လုံးလုံးနှင့်ခြံနောက်တွင်လိမ္မော်သီးတွေခူးနေသည့်လှလှလေးဟာအထူးတဆန်းလှည့်ကြည့်လာလေသည်။ခြင်းထဲမှာလည်းလိမ္မော်သီးတွေကအပြည့်။

ငါnecktieတိုင်ကိုဖြေလျော့လိုက်ရင်းနေပူပူအောက်မှာရပ်နေသည့်လှလှလေးကိုအပြေးလေးသွားဖက်လိုက်၏။တစ်နေ့တာရဲ့အမောပြေကလေး။

"Gem..အသက်ရှုရကြပ်နေပြီ"

တစ်ခစ်ခစ်ရီလျက်ငါ့လည်ပင်းတွေကိုပြန်ဖက်သွယ်ထားသည့်လှလှလေးကဆို၏။ခါးသွယ်သွယ်လေးကိုတင်းနေအောင်ဖတ်ပြီးမှငါလွှတ်ပေးလိုက်သည်။

ကြယ်တာယာလိုမျက်၀န်းလှလှလေးတွေငါ့ကိုဆုံအောင်ကြည့်နေသည့်အခါရင်ဘတ်ထဲကအောင့်လာသည်ထိငါအသဲယားမိလာသည်။

"ကိုယ့်လှလှလေးကဒီလောက်ချစ်စရာကောင်းနေတော့ကိုယ်ဘယ်လိုလုပ်သင့်လဲ ဟင်?"

ပါးနုနုလေးကိုဆွဲစိတ်ရင်းဆိုတော့ရီသံလေးကတစ်ဖန်ပြန်ထွက်လာပြန်သည်။တစ်ကယ့်ကိုချစ်စရာလေး။'လိမ္မော်ရည်ဖျော်တိုက်မယ်'ဟုလှလှလေးကပြောလာတာကြောင့်ငါခေါင်းငြိမ့်ပြလိုက်သည်။

ပြည့်လျှံနေအောင်ခူထားသည့်လိမ္မော်ခြင်းအားဆွဲလိုက်ရင်းလှလှလေးရဲ့လက်တွေကိုဆုပ်ကိုင်ကာငါအတောက်ပဆုံးပြုံးလိုက်သည်။

"ဒီနေ့gemနဲ့အတူဈေး၀ယ်ထွက်ချင်လို့ လိမ္မော်သီးခူးရင်းစောင့်နေတာ"

စကားသံချိုချိုလေးကိုနားထောင်ရင်းအိမ်ထဲသို့ငါတို့ဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။ငါ့လှလှလေးကတူတူဈေး၀ယ်ထွက်ချင်တာတဲ့။

ညားခါစလင်မယားတွေလိုပဲ။တစ်ကယ်လည်းညားခါစပါပဲဟီးဟီး။အိမ်ထဲရောက်တော့munmuangလေးကငါ့လှလှလေးရဲ့ခြေထောက်ကိုလာပွတ်သပ်လေသည်။

ဒီတစ်နေ့ရာသီဥတုလေးကနွေးထွေးသည်။munmuang
လေးကိုငါ့လှလှလေးကတုန်နေအောင်ချစ်သည်။

____________________________________

ချစ်ခြင်းမေတ္တာတွေဟာချိုမြိန်ကြောင်းစာအုပ်တွေမှာငါဖတ်ဖူးပါသည်။သို့သော်ငါ့ချစ်ခြင်းမေတ္တာလေးကတော့သိပ်ကိုရိုးရှင်းလွန်းသည်။

911*can't stop falling in love with him! (geminifourth ff✅)Where stories live. Discover now