part-1

19 5 0
                                    

" ဖြူး..‌ဓာယာကိုချစ်လား "
" မချစ်ဘူး.."
" ရှက်နေတဲ့ရုပ်နဲ့...မိန်းကလေးချင်းချစ်တယ်ပြောတာပြဿနာမဟုတ်တာကို..တခါလောက်ပြောလေ"
" ဓာယာ..နင်!"
" ဖြူးကို စမနေပါနဲ့..သူကစတာမကြိုက်ဘူးဆိုတာသိလျက်နဲ့ကိုသွားသွားပြီးစ.."
လေးနက်တဲ့အကြည့်၊ခံစားချက်တွေကို စိတ်တိုနေသူမှာစသလိုပင်မပြောနိုင်...လေးနက်သည့်ခံစားချက်တို့ကအထက်တန်းကပင်စတင်ခဲ့တာအမှန်...
" ဖြူး မနက်ဖြန်မွေးနေ့မှာ တခုခုတောင်းလို့ရလား"
"မရဘူး မတောင်းနဲ့ဘားမှ.."
" ရရင်အချစ်တွေတောင်းမို့ကို.."
"ဟူး..." ဒီကောင်မလေးဟာအမြဲပြောင်ချော်ချော်နဲ့..အတည်တောင်းတာလဲမဟုတ်..ပြီးရင်လူကိုစတယ်ကြီးပဲ..
" ဖြူးပေးချင်ရာပေးမွေးနေ့တော့လာခဲ့.."
" အွန်း.."
ကျောင်းမှ..စကားတွေပြောရင်း လျှောက်လာခဲ့သည်မှာ..ဖြူးရဲ့အိမ်ဝထိရောက်လို့ရောက်မှန်းမသိ..ဒီကောင်မလေးအမြဲလိုက်ပို့နေတာမပင်ပန်းဘူးလားမသိ..သူငယ်ချင်းမို့ကောင်းပေးတာနေမှာပါ..'ဓာယာ'နင်ရည်းစားရလို့ငါ့ကိုဂရုမစိုက်နိုင်မှာစိုးတယ်...
" ငါဒီလောက်ကောင်းပေးနေတာတောင် ဖြူးကတကယ်မရိပ်မိဘူးလား..စတယ်လို့ပဲပြောနေမိတာတွေကအတည်တွေဆိုတာဘလိုပြောရပါ့.."

----------------

" ဝါး...ဖြူးလှနေရော..ဓာယာကြည့်အုံး" ဓာယာ မှင်သက်လျက် တံခါးဝမှဝင်လာသူကိုကြိုဆိုဖို့ပင်မေ့နေ၏။
" လာပြီလား ဖြူး..ဒီနေ့လှနေရောနော်...ဒါနဲ့မွေးနေ့လက်ဆောင်.."လက်ဖြန့်လာသူကြောင့်ဖြူးမျက်လုံးအပြူးသားလေးဖြင့်..
" နောက်မှပြောပြမယ် လက်ဆောင်ကကတိတစ်ခုမို့.."ဖြူးစကားကြောင့် ဓာယာစိတ်ထဲအံ့ဩမိသည့်ခံစားချက်တချို့ဝင်ရောက်လာချိန်..
" ဓာယာ..ခုညှပ်ထားတဲ့ဆံပင်ကေကနင်နဲ့လိုက်တယ်..ခုလိုဝတ်ထားတာရောပဲ.."ခေါင်းငုတ်ကာမပြောဖူးသည့်ချီးမွမ်းစကားများထွက်ပေါ်လာပြီးနောက်..တစုံတယောက်ကတော့ရင်ခုန်သံစတင်မြန်လာလေပြီ..
" ဖြူး ၊ဓာယာ ငါစားပြီးရင်ပြန်မှရမယ် ငါညအိပ်လို့မရဘူးတဲ့ သုံးယောက်တစ်ညလုံးရှိမယ်ပြောထားတာကို အိမ်ကလဲ.."ငိုသံသဲ့သဲ့နဲ့ 'နူးခေရာ'မှပြောလာ၏။
" နူးကလဲ ငါအိမ်ကိုပြန်မလာဘူးပြောလို့ သူတို့ကလဲခရီးသွားကြတယ် ငါအိမ်မပြန်ချင်ဘူးအိမ်မှာလူမရှိရင်..သုံးယောက်နေမယ်လေလို့ နောက်နှစ်ရက်ဆိုဘွဲ့ယူရရင်ဝေးကြတော့မှာကို.."
"ဘွဲ့ရပြီးတာနဲ့ဘာလို့ဝေးမှာလဲဖြူးရ..နူးအိပ်လို့မရလဲ ငါရှိတယ်လေငါနဲ့ဒီညနေပေါ့..နှစ်ယောက်ထဲဆိုဘာဖြစ်လို့လဲ.."
" ငါတကယ်မရလို့ပါဖြူးရယ်..နှစ်ယောက်ထဲနေနော်..ပြန်ပြီသိလား.."

လရိပ်အောက်က ကတိတစ်ခုWhere stories live. Discover now