ဒီညလေးမှာ ဖြူးရင်ထဲရှိသမျှ ဓာယာသိအောင်ပြောမယ်..ချစ်ပြချင်တယ်..ဘာကိုမှထပ်မဖုံးကွယ်ချင်တော့ဘူး...
" ချစ်တဲ့သူကိုချစ်ကြောင်းအခါခါဖုံးကွယ်ခဲ့တာဟာ ကျန်ရစ်သူမဖြစ်ချင်ခဲ့ရုံသက်သက်ပါပဲ.."-------------
ဖြူးရဲ့စွမ်းအားအစပြုခြင်းဟာ..အဖိုးကြောင့်ပေါ့..ဒါမဲ့သေချာနားမလည်ခဲ့တာတွေအများကြီးပဲ..
အဖိုးမသေခင်ထိအဖိုးအခန်းကိုဘသူမှဝင်ခွင့်မရခဲ့ဘူး..အဖိုးမဆုံးခင်ညက ဖြူးကိုခေါ်ပြီးလည်ဆွဲလေးတစ်ခုပေးခဲ့တယ်..ထူးထူးဆန်းဆန်းအမှာစကားတွေဆိုတယ်...
" မြေးတယောက်ထဲဖြစ်တိုင်း သွားချင်တဲ့နေ့ရက်တွေဆီကိုသွား...မြေးငိုပြီးအထီးကျန်နေတာကိုအဖိုးမြင်ခဲ့ရတာမို့ မြေးလေးကိုအ့လိုပုံစံမဖြစ်စေချင်ဘူး..."
" ဖိုးဖိုးကရော ဘယ်သွားမို့လဲ.." ဖြူးဟာ ထိုအချိန် ၆တန်းအရွယ်လေးပဲရှိသေး၍အဖိုးပြောသမျှဟာထူးဆန်းနေ၏။
"ဘယ်မှမသွားပါဘူး...မြေးတစ်ခုခုဒီလည်ဆွဲနဲ့ပတ်သတ်ပြီးနားမလည်ရင်ဒီစာအုပ်ထဲကိုကြည့်လို့ရတယ်..."ခုံပေါ်ရှိစာအုပ်ကို လက်ညှိုးညွှန်ပြကာ အမှာပါးလေပြီ...
" ပြီးတော့ ဘသူမှလဲမပြောပြရဘူး..ပျောက်လဲမပျောက်စေနဲ့...အဖိုးမှာတာမမေ့နဲ့နော်..."
"ဟုတ်..."အမှာပါးပြီးနောက်မနက်ခင်းမှာတော့ အဖိုးဟာ ဆုံးပါးသွားခဲ့တယ်...စာအုပ်လေးပိုက်ကာ ဆွဲကြိုးလေးကိုလဲကိုယ်နှင့်မခွာဆွဲလျက် ငိုယိုနေတဲ့ကလေးငယ်...
------------
စာအုပ်ရဲ့ပထမစာမျက်နှာမှာ..
" ပြန်လှည့်မလား၊ရှေ့ကြိုသိချင်လား၊နှုတ်ဆိတ်ဖို့လိုမယ်၊စိတ်ထဲကပဲလူမသိအောင်ရေရွတ်ရမယ်.."
အချိန်ကြာသည်အထိ အဖိုးပေးခဲ့သောစွမ်းအားလေးကိုအသုံးမပြုမိခဲ့...ထိုအမျိုးသမီးနဲ့မတွေ့ခင်အချိန်ထိပေါ့..." ရော့..မဝရင်ဒါပါစားလေ.." ပထမဆုံးစတွေ့ချိန်ထဲက သူမကဖြူးကိုဂရုစိုက်ခဲ့တာ
"ဟင်.."အသံလာရာကို ပြူးကြည့်မိတော့ ဆံပင်ကျစ်စမြီးနှစ်ဖက်စီးထားတဲ့ကောင်မလေးဟာမုန့်ထုပ်လေး ကမ်းပေးလျက်...
" မဝရင်ဒါစားလိုက်..ဓာယာမှာမုန့်တွေပါသေးတယ်..ဟီး.." ဖြူးမုန့်တွေပလုတ်ပလောင်းနဲ့စားနေတာကို သဘောတကျနဲ့ကြည့်နေကာ..မုန့်တွေပါထုပ်ပေးသည့်အမျိုးသမီးလေးကစိတ်ထားဖြူစင်လိုက်တာ...
" ဓာယာဒီနားထိုင်လို့ရလား..တယောက်ထဲဖြစ်နေတာမလားထိုင်မယ်နော်.."
ထိုင်ပါဟုပင်မပြောရသေးဝင်ထိုင်ကာနေရာယူသည့်အမျိုးသမီးလေးဟာ သွက်သွက်လက်လက်ပင်...
မိဘတွေကြောင့်မည်သူမျှမပေါင်းချင်ဘဲရှောင်ဖယ်နေကြချိန်..ဒီအမျိုးသမီးလေးကတော့ ဖြူးကိုခွဲခြားဆက်ဆံခြင်းမပြုခဲ့...
နေ့တိုင်း စနောက်ခါ..တခါတလေမနဲတားယူရသည်ထိအရမ်းတက်ကြွတဲ့အမျိုးသမီးလေး..အမြဲစနောက်တတ်သူမို့ ထိုအမျိုးသမီးစကားများကိုဘလိုယုံရပါ့..
---------
" ဖြူးနင်အလယ်တန်းကနေခုတက္ကသိုလ်ထိ..ရည်းစားမထားဖူးဘူးမလား.."
"အင်း.."
"အ့လိုရုပ်တည်ကြီးကြောင့် မရတာ..ပျော်ပျော်နေစမ်းပါ..."
ဖြူးဟာ ဓာယာကိုအလယ်တန်းကပင်စသဘောကျခဲ့တာကြောင့်..ရည်းစားတခါလေးတောင်မထားခဲ့ရှာဘူး...
" နင်ပဲထား.."
" ဟီးငါလား နောက်ရက်ဒိတ်မို့.."
"ဘသူနဲ့..."
"ဖြူးနဲ့.." ဖြူးမျက်နှာရဲတက်လာကာ ဓာယာကိုစာအုပ်နဲ့အသာအယာထုလိုက်လေ၏။
" အ့..တကယ်ဒိတ်မို့..စက်ဘီးသွားစီးကြမယ်လေပိတ်ရက်ဆိုတော့"
"ရှင်းရှင်းပြောပါလား..ထုခံရမယ်.."
"ထုရက်ပြီပေါ့.." ဓာယာလုပ်နေပုံက ဖြူးတနေ့ထပ်တနေ့ပိုသဘောကျမိအောင်လုပ်နေသလိုပင်....
ကျောင်းပိတ်ရက်တိုင်း ဖြူးနဲ့ဓာယာဟာ စက်ဘီးပတ်စီးလေသည်..ထိုလမ်းလေဟာ လေပြေအေးလေးတိုက်ခတ်တိုင်း..ဆိတ်ဖလူးပန်းရနံ့လေးဟာ သင်းနေ၏။
" ဖြူး..ဆိတ်ဖလူးပန်းအဓိပ္ပာယ်သိလား.."
"ဟင့်အင်း.."
"ချစ်လွန်းလို့ ရူးတော့မယ်တဲ့..ပန်းတွေရဲ့အဓိပ္ပာယ်တွေက ကဗျာဆန်လိုက်တာ.."
"...." ဖြူးတိတ်ဆိတ်သွား၏။
" ဖြူးဘာဖြစ်လို့လဲ.."
"အ့.." ဘာဖြစ်လို့လဲအမေးပြုသူက စက်ဘီးပင်မှောက်ကာ သတိရုတ်တရက်လစ်သွားခဲ့လေသည်...
ထိုနေ့က စကာ ဓာယာဟာဆေးရုံစတက်ခဲ့ရသည်..ထိုအချိန်ဖြူးကပဲစောင့်ရှောက်ရ၏။...
' ဓာယာသက်သာပါ့မလားသိချင်တယ်အဖိုး..ဓာယာကိုဘဝထဲကမထွက်သွားစေချင်ဘူး..ကြိုသွားပါရစေ..' ဖြူးရောက်သွားသည့်အချိန်ကာလဟာ တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်၍ ကျန်းကျန်းမာမာပုံစံကိုသာမြင်ရခဲ့သည်..ဒါကြောင့်စိတ်အေးကာ..
"ဓာယာ..နင်နေကောင်းအောင်အမြန်လုပ်..သက်သာမှာ..စိတ်ဓာတ်ကျနေတဲ့ပုံစံမနေရဘူးလေ..အကယ်လို့နင်တခုခုဖြစ်မယ်ဆိုရင်တောင်..နောက်ဆုံးချိန်ထိဖြူးကိုပျော်အောင်ထားသွား..." စိတ်ဓာတ်ကျနေသူက ထိုစကားတွေကြားတော့..မျက်ရည်လည်ကာဝမ်းသာအပြုံးလေးနဲ့ ဖြူးကိုတင်းတင်းဖက်ထားလေသည်...
" ဖြူး..နင်ကငါ့တွက်အကောင်းဆုံးသူငယ်ချင်းပဲ.." ဖြူးထိုစကားကိုခံစားခဲ့ရပေမဲ့ ဓာယာကိုသေချာပွေ့ဖက်ပေးခဲ့၏။...
ဓာယာဟာ အကောင်းတိုင်းဖြစ်အောင်ကြိုးစားေနထိုင်ကာတက္ကသိုလ်ပြန်တက်နိုင်ခဲ့လေပြီ။.. အရင်ကထပ်ပင်ပျော်ပျော်နေတတ်လာသည်..အမြဲစနောက်ကာ..လုပ်ချင်တာတွေကိုလဲမနားတမ်းလုပ်နေတော့သည်...ထိုအရာကပင် ဖြူးအတွက်ပို၍ထူးဆန်းနေသလိုလို...
ဓာယာမွေးနေ့မရောက်ခင်..ဖြူးဟာအနာဂတ်ကိုကြိုသွားခဲ့တယ်..ဓာယာကိုခွဲရမှာလဲကြိုသိခဲ့သလို..မထင်မှတ်ထားပဲဓာယာဖုံးကွယ်ထားတာကိုလဲသိခဲ့ရတယ်..ဓာယာဟာထိုအချိန်ထဲကမသက်သာခဲ့ပေမဲ့..ဖြူးရဲ့စကားတွေကြောင့်ပျော်ပျော်နေပြီးကျန်ရှိတဲ့ဘဝကိုဖြတ်သန်းဖို့အားတင်းထားတယ်ဆိုတာ..ဖြူးသိလိုက်ရချိန်ဟာနောက်ကျနေပြီလား...
' ဒါဟာ ငါတို့နှစ်ယောက်တွက် နောက်ဆုံးပျော်စရာတွေဖန်တီးလို့ရမဲ့ညဆို ဖြူးဘာကိုမှထပ်မဖုံးကွယ်ပဲနေမယ်...
ဓာယာကိုချစ်တယ်..ဒီတစ်ညပဲဆိုရင်တောင် အဖန်ဖန်ခါခါဒီညကို နောက်ပြန်လှည့်ပြီး ဓာယာနဲ့အတူတူနေမယ်..'-----------------
'' ဖြူး..ဓာယာကဖြူးကိုချစ်တယ်..ဖြူးလက်မခံမှာတစ်ချိန်လုံးစိုးရိမ်နေခဲ့တာ..တချို့အရာတွေကစခဲ့တာမဟုတ်ပဲအတည်ပြောခဲ့တယ်ဆိုတာဖြူးကိုပြောပြချင်ခဲ့ဖူးတယ်..ခုမှမပြောရင်ဘယ်တော့မှမပြောလိုက်ရမှာစိုးတယ်.."
" ဓာယာနင်ကအရူးပဲ..အခုမှပြောရလား..ဖြူးကအလယ်တန်းထဲကဓာယာကိုအရမ်းသဘောကျခဲ့ရတာ..မဟုတ်ဘူး..
ချစ်ခဲ့ရတာလို့ " ဓာယာရဲ့ ရင်ဘတ်တွေကိုထုကာ ပြောရသည့် စကားတွေဟာ လေးနက်မှုတို့အပြည့်...----------
ဒီညဟာ ချစ်ခြင်းတို့ဖွင့်ဟဝန်ခံခြင်းနဲ့နောက်ဆုံးတွေ့ဆုံးခြင်းဆိုရင်တောင်..ငါတို့ပျော်စရာတွေဖန်တီးလို့ရပါသေးတယ်ဓာယာ..
ဘာလို့ဆိုဖြူးဒီညကိုအဖန်ဖန်ခါခါပြန်လာချင်မိလို့....-----------
Next part coming soon 🔜
_ Niyo🌻
Fb- Niyo Piko ☕
YOU ARE READING
လရိပ်အောက်က ကတိတစ်ခု
خيال (فانتازيا)" ဒီနေ့ရက်လေးမှာပဲ ရပ်ထားချင်ရင် ဖြူးဒီနေ့ရက်လေးဆီကိုအမြဲလာတွေ့ပေးမှာပေါ့ ဓာယာရယ်.." Gl short (time travel ပုံစံမျိုးပါ)