အပိုင်း (၁)

38 2 0
                                    

မနက်အစောပိုင်းအိပ်ရာထတော့ ပုံမှန်နိုးနေကြ မနက်ခင်းတွေလိုပါပဲ။
အလုပ်စားပွဲပေါ်မှာတင်ထားတဲ့ ကော်ဖီပူပူတစ်ခွက်ရှိမယ်။
ညက စာရင်းတွေမှတ်ပြီး မပိတ်ဖြစ်ခဲ့တဲ့စာအုပ်တစ်အုပ်ရယ် အဖုံးကြေနေတဲ့ ဘောပင်တစ်ချောင်းရယ်။

ညက အိပ်ရာဝင်တာနောက်ကျပေမယ့် ထူးထူးခြားခြား စိတ်ကကြည်နေတယ်။
အိပ်ရေးမဝတာမျိုး ခေါင်းကိုက်နေတာမျိုးလည်း မရှိ။
သုံးရက်လောက် ထမင်းမစားထားပေမယ့် ဗိုက်လည်းမဆာနေပြန်ဘူး။
သေချာပြန်တွေးကြည့်မှ ဒီရက်ပိုင်းအတွင်းမှာ ထမင်းအစား ကော်ဖီနဲ့ လက်ဖက်ရည်ကိုပဲ သောက်ဖြစ်နေတာ။

အလုပ်မအားဘူးဆိုပေမယ့် ထမင်းမစားနိုင်လောက်တဲ့အထိတော့ မဟုတ်ဘူး။
စားချင်စိတ်မရှိတဲ့အပြင် ခန္ဓာကိုယ်ကလည်း အစာကို မလိုအပ်နေတာဖြစ်မယ်။

အေဂျင်စီတစ်ခုကအပ်ထားတဲ့ ဒေတာတွေကိုစစ်ဖို့ ကွန်ပြူတာကိုဖွင့်လိုက်တော့ လွန်ခဲတဲ့နှစ်အချို့က ကိစ္စတွေကို သွားသတိရမိတယ်။
လွန်ခဲ့တဲ့၅နှစ်က ဒီလိုအချိန်မှာ သူ့ကိုစတွေ့ခဲ့တာ။
အင်း ဒီထက်တော့ စောမယ်ထင်တယ်။

အဲ့အချိန်တုန်းက အသက်၂၀ပြည့်ကာစ။
အိမ်တွင်းပုန်းဘဝကို စွန့်ပြီး လုပ်ငန်းခွင်ထဲ စရောက်ကာစအချိန်။
တက်တက်ကြွကြွနဲ့ မြင်မြင်သမျှက အဆန်းတွေဖြစ်လို့ပေါ့။
ကံကောင်းထောက်မစွာနဲ့ပဲ လုပ်ငန်းခွင်ကောင်းတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အချိန်။

အလုပ်ဝင်ပြီး တစ်လအကြာမှာ သူက ကျွန်မတို့ဌာနကို ပြောင်းလာခဲ့တာ။
ဌာနရဲ့ အထက်လူကြီးအနေနဲ့ပေါ့။
စစတွေ့ချင်းမှာပဲ သူ့မျက်လုံးတွေကို အရမ်းစိတ်ဝင်စားခဲ့မိတယ်။

မည်းမှောင်သွယ်တန်းနေတဲ့ မျက်ခုံးတွေအောက်က မျက်ဆံနက်နက်ကလေးတွေရှိပြီး သွယ်နေတဲ့မျက်လုံး...
ပြုံးလိုက်ရင် အရမ်းလှတာ။
အဲ့မှာစပြီး သိလိုက်မိတယ်။
"ဒီအမျိုးသားက ငါသဘောကျရတဲ့အမျိုးသားပဲ" လို့...။

ဒီတွေ့ဆုံမှုဟာ အဆုံးမရှိတဲ့ ချောက်ကမ်းပါးတစ်ခုထဲကိုဆင်းဖို့ အစပျိုးတဲ့ လမ်းစတစ်ခုဖြစ်ခဲ့တယ်။

အနီရင့်ရင့် Where stories live. Discover now