Part25

537 43 4
                                    

###Unicode###

ရှည်လျားလှတဲ့အိပ်မက်ကြီးမက်ပြီး ကျွန်မနိုးလာခဲ့တယ်

အရင်‌ဆုံးရှာမိတာကမောင့်ကို

နာရီကြည့်လိုက်တော့ 05:45ရှိပြီ သို့ပေမဲ့ဘယ်သူမှမနိုးသေးပါဘူး ကျွန်မဘေးကဆူးရောပေါ့ အိပ်မက်ထဲမှာဆူးမပါလာပေမဲ့ ဆူးလဲအိပ်မက်ထဲမှာရှိနေသလိုခံစားရတယ်

ဒါပေမဲ့ မပါလာဘူးလေ

ခြုံထားတဲ့စောင်ကိုဖယ်ပြီး အပြင်ထွက်၊ မောင်တို့အခန်းထဲသွားကြည့်တော့ မောင်ကရှိမနေဘူး မောင်ကသမီးလေးကိုသွားကြည့်တယ်ထင်လို့ သမီးတို့အခန်းထဲကြည့်တော့လဲမရှိပြန်ပါဘူး

နောက်ဆုံး Hanniတို့အခန်းကိုသွားတော့ Hanniနဲ့ Minjiနှစ်ယောက်သား ဖက်အိပ်နေတာကိုပဲတွေ့ခဲ့ရတယ် မောင်အပြင်သွားတယ်ထင်လို့ စိတ်ရှုပ်ပြီး အပြင်ထွက်လာမိတုန်း နေထွက်တာကိုကြည့်နေတဲ့မောင်က ကျွန်မကိုသတိမထားမိပါ

"မောင်"

"နိုးပြီလား မောင့်အချစ်လေး"

ကျွန်မကသာ သူကျွန်မကိုသတိမထားမိဘူးထင်နေတာ သူကပြန်တောင်လှည့်မကြည့်ပဲ ပြန်ဖြေတာ

"မောင်"

"ဒီကိုလာပါဦး"

မောင်ကကျွန်မဘက်လှည့်လာပြီး သူ့ကိုလာဖက်ဖို့ လက်တွေဖြန့်ကားလိုက်တယ် ကျွန်မချက်ခြင်းပဲပြေးဖက်လိုက်ပါတယ်

"မောင် လွမ်းနေခဲ့တာ"

"မောင်လဲတူတူပါပဲ"

ကျွန်မအသံတွေတုန်ရီနေသလောက် သူကတည်ငြိမ်နေခဲ့တယ်

"ဘာလို့ငိုနေတာလဲ? ဟင်? မောင့်ကိုပြန်သတိရရတာမပျော်ဘူးလား"

"ပျော်တာပေါ့မောင်ရယ် အချစ်နိုးနိုးခြင်း မောင့်ကိုလိုက်ရှာနေခဲ့တာ"

"မောင့်ကို chamomile လက်ဖက်ရေ ဖျော်တိုက်ဖို့အစီအစဉ်မရှိဘူးလားအချစ်?"

"ဖျော်တိုက်ပါ့မယ် တစ်ရက်ရက်မောင်နဲ့တူတူ အီဂျစ်ကိုကိုယ်တိုင်သွား၊ ပန်းတွေကိုအခြောက်လှန်းပြီး ကိုယ်တိုင်ဖျော်ပေးမယ်"

"အဲ့တာနောက်မှပေါ့ Visa မကုန်ခင်မောင့်ကို ready made ‌ဝယ်ပြီးဖျော်တိုက်ပေးပါ"

Cool With YouWhere stories live. Discover now