Part24-3

538 46 4
                                    

###Unicode###

စစ်မဖြစ်ခင် နှစ်170အလို.....
(Author စိတ်ကူးသက်သက်သာဖြစ်သည်)

Psych- "Zeus ဒေါသထိန်းပါဦး"

"စစ်ပွဲကနီးနေရတဲ့ကြားထဲ ဘာလဲ သူတို့သားက Harmoကိုယူလို့ ရောင့်တက်ပြီးနယ်မြေတွေထပ်သိမ်းတာလား"

Eros- "နယ်မြေကိစ္စကောင်းကောင်းဆွေးနွေးလိုက်ရင်ပိုကောင်းမယ် Harmoဝမ်းနည်းတာမမြင်ချင်ဘူးမလား Zeus"

"ဆွေးနွေးမယ်ပေါ့ ဘာကိုဆွေးနွေးမှာလဲ နယ်မြေတွေထပ်သိမ်းပါဆိုတဲ့အကြောင်းလား အဲ့Cadmus ကိုသူ့အဖေကြောင့်တောင် နတ်ဘုရား မတင်မြှောက်ခဲ့တာကို လွန်လှပြီထင်နေတာ ဒီနေ့ညပဲသူ့ကိုကွပ်မျက်မယ်"

လူတွေ၊နတ်ဘုရားတွေ၊ သက်ရှိသတ္တဝါတွေကို အလွန်တရာကြင်နာလွန်းတဲ့ Zeus ဒီ‌လိုပြောတည်းက အခြေအနေဘယ်လောက်ဆိုးလဲဆိုတာသိနိုင်ပါတယ်

Athena- "ထပ်စဉ်းစားကြည့်ပါဦး ဖခမည်းတော်"

"ဘာမှစဉ်းစားစရာမလိုဘူး သူတို့ကပြောလိုက်သေးတယ် ဘာတဲ့ ငါ့သားကိုကွပ်မျက်ရင် မင်းတို့Harmonia ရင်ကွဲပြီးသေတာကို ထပ်ကြည့်ရသေးတာပေါ့တဲ့ Harmonia အတွက်အဲ့လောက်မရှားဘူး Harmo စော်ကားခံရတာကြောင့်ကိုပဲငါဒေါသထွက်တာ"

ဟုတ်လဲဟုတ်သည် Zeusကသူ့လူတွေကိုထိရင် တစ်စက်မှမကြိုက်ပါ တောင်းပန်ချင်ရင်တောင်းပန် မတောင်းပန်ရင်ဝေးဝေးရှောင်တာတောင်မှ ဒါကမဟာရန်သူဖြစ်နေလို့ သူ့သားကိုကွပ်မျက်ရတာ

Zeus ပြောလိုက်မှ အကုန်လုံးတစ်ရှူးတစ်ရှဲဖြစ်ကုန်ကြသည် သူတို့အငယ်လေးကိုထိရင် တကယ်မကြိုက်ကြတာပါ ဒီကိစ္စကို Harmonia သိရင် ခွင့်လွှတ်တာကလွဲရင်ဘာမှလုပ်မှာမဟုတ်ပါဘူး ဒါပေမဲ့နတ်ဘုရားတိုင်းအဲ့လိုမဟုတ်ကြဘူးလေ
*****
လမ်းလျှောက်တတ်သွားတာနဲ့ သူ့အစ်မနဲ့ဆော့ရင်းမောပြီး အိပ်ပျော်သွားတဲ့ ကလေးလေးကိုကြည့်ပြီး Cadmus ပြုံးရယ်မိသည် ဒါပေမဲ့ Zeus ရဲ့နန်းတော်က စစ်သားတွေမရောက်လာခင်အထိပေါ့

"Zeus ကအမည်မသိ အပြစ်ဒဏ်နှင့် Cadmus ကိုဖမ်းဆီးရန်အမိန့်ရလာသောကြောင့် အချုပ်ထဲကိုလိုက်ပါလာရပါမယ်"

Cool With YouWhere stories live. Discover now