Chapter 8

124 22 0
                                    

အခန်း (၈)
မင်းကိစ္စကိုသာ အာရုံစိုက်

ကျွန်တော်က gay တစ်ယောက်ဆိုတာ ဖွင့်ပြောခဲ့ပြီးတာတောင်မှ ယန်ခုန်းရှန့်နဲ့ ကျွန်တော့်ဆက်ဆံရေးက ပြောင်းလဲမသွားခဲ့။ သူက အမြဲတမ်းပြုမူနေကျအတိုင်း ကျွန်တော့်ကို အရေးလည်းမပေး မုန်းတီးစိတ်လည်း နည်းနည်းလေးမှ မရှိဘဲ ဆက်ဆံနေတုန်းပင်။ ဒီအ​​ခြေအ​နေက အဆင်ပြေသလို ကျွန်တော်လည်း စ်ိတ်သက်သာရာရတာပေါ့။

ယန်ဝမ့်ချူရဲ့ မူကြိုက နန်ပူလမ်းထဲမှာပဲရှိပြီး ဆိုင်ကနေ ကားနဲ့ဆို ငါးမိနစ်သာ မောင်းရတယ်။ ​နေ့တိုင်း ငါးနာရီဆိုင်ပိတ်ပြီး ယန်ကောင်းရှန့်က ကလေးသွားကြိုရတယ်။ ကျွန်တော်တို့က အိမ်နီးချင်းတွေဖြစ်တာကြောင့် သူနဲ့ကားကြုံလိုက်စီးခွင့်ရတယ်။ ဒါကြောင့် မနက်အစောကြီးထစရာမလိုသလို တက္ကစီငှားစရာလည်း မလိုပေ။ ဝမ်ရင်းဆို ကျွန်တော်ကို မနာလိုတဲ့အ​ကြောင်း အမြဲတမ်း ညည်းညူတတ်တယ်။

ည​နေငါးနာရီထိုးတော့ မူကြိုကျောင်းအပြင်ဘက်မှာ ကျောင်းသားမိဘတွေနဲ့ ပြည့်နေတတ်တယ်။ ကျွန်းပေါ်မှာ စီးပွားရေးလုပ်ငန်းတွေ မိုးမျှော်တိုက်ဖြူဖြူကြီးတွေ များများစားစားမရှိတော့ လူအများစုက လေးနာရီခွဲလောက်ကတည်းက အလုပ်ကဆင်းပြီး သူ့တို့ကလေးတွေကို လာကြိုတတ်ကြတယ်။

ယန်ခုန်းရှန့်က ကားကို လမ်းဘေးမှာ ထိုးရပ်ပြီး ယန်ဝမ့်ချူးထွက်လာမှာကို အေးအေးဆေးဆေးပဲ စောင့်နေလိုက်တယ်။

နွေရာသီ ဟာဝ်ိုင်အီရိုးရာသီချင်းကို ရေဒီယိုကနေ လွှင့်နေတာကြောင့် ကျွန်တော့်ခေါင်းထဲမှာ သဲပြင်ပေါ်တွင် လူတွေ လက်တွေဝှေ့ယမ်းပြီး ကနေတဲ့ ပုံရိပ်တွေ တန်းပေါ်လာတယ်။ ယန်ခုန်းရှန့်က သူ့လက်​​တွေနဲ့ ကားစတီယာရင်ပေါ်ကို စည်းချက်ညီညီ ရိုက်နေပြီး သူ့အနောက်က ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ ကျွန်တော်ကိုယ်ကတော့ သီချင်းနဲ့အတူ စီးမျောလှုပ်ခါနေမိတယ်။

အဝါရောင်တောက်တောက် ဦးထုပ်ကိုဆောင်းထားတဲ့ မူကြိုကျောင်းသားလေးတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်လာကြပြီး ဆရာမတွေရဲ့ ကြီးကြပ်မှုနဲ့အတူ သူတို့မိဘတွေဆီလာနေကြတယ်။

ဇီးစိမ်းကျွန်း ( ဘာသာပြန် )حيث تعيش القصص. اكتشف الآن