Part 12

27.9K 1.2K 18
                                    

ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလိုခံစားချက်နဲ့အတူ ဂုဏ်လန့်နိုးလာရသည်။နိုးနိုးချင်းမှာတင် အောက်ပိုင်းမှနာကျင်မှုတချို့ကို ခံစားလိုက်ရသည်။မပွင့်ချင်ပွင့်ချင် မျက်လုံးများနှင်အတူ အားအင်တွေမရှိတော့သည့် အနေအထားမှာ ဂုဏ် လက်ကိုထောက်ကာ အားယူ၍ထလိုက်သည်။

"အား ကျွတ်ကျွတ် ဘာလို့ဒီလောက်ကိုက်ခဲနေရတာလဲ"

ခြုံထားသည့်စောင်အားဆွဲဖယ်လိုက်တော့ ခန္ဓာကိုယ်က အေးစက်သွားရသည်။ဟမ် ငါ့အဝတ်တွေလဲမရှိဘူး။ဟုတ်ပါသည် ဂုဏ့်ကိုယ်ပေါ်မှာ ဘာအဝတ်မှရှိမနေဘဲ ဗလာနတ္ထိ။

ရုတ်တရက် ညကအဖြစ်အပျက်များ ဂုဏ့်ခေါင်းထဲ ဇာတ်ကားကြည့်နေရသလို ပြန်ပေါ်လာရကာ ရှက်စိတ်ကြောင့် ဂုဏ်လဲသာသေလိုက်ချင်၏။

ဒါဆို သူနဲ့ငါ ညက!

တစ်ညတည်းနဲ့ ပြောင်းလဲသွားသော အခြေအနေအလုံးစုံကို ဂုဏ်ထိတ်လန့်ကာ အိမ်မက်ပဲလို့ အတွင်တွင်ခေါင်းခါနေသော်လည်း သွေးသားထဲမှ နာကျင်မှုများက ငြင်းဆန်နေသည်။

ထိုစဉ် ‌ချောက်ခနဲ တံခါးဖွင့်သံကြားလိုက်ရကာ အောက်ပိုင်းကိုတဘက်ဖြင့်ပတ်ကာ ထွက်လသော ထိုကောင်လေး။ရေစက်လက်ကျနေသော ဆံပင်တိုတို့ကို သုတ်ကာ ဂုဏ့်ကိုမြင်သည်နှင့် လှုပ်ရှားမှုများရပ်တန့်သွားသည်။

"ဂုဏ် ခင်ဗျားနိုးလာပြီပဲ"

"မင်း...မင်းငါ့ကို...လူယုတ်မာကောင်"

"ဟောဗျာ မောင်ကယုတ်မာခံလိုက်ရတာပါ ညကခင်ဗျားပဲမောင့်ကို တောင်းဆိုနေခဲ့ပြီးတော့"

"မင်း!!"

ချက်ချင်းကျုပ်ကနေ မောင်ဖြစ်သွားရပြန်ပြီ။ထိုနှင့်အတူ ကိုယ့်ကိုယ်ကိုပင် မသတီတော့။ပထမဆုံးဆိုသော အရာများကို ယူသွားသော ထိုကောင်လေးအား စူးစူးရဲရဲကြည့်လိုက်ပြီးနောက် ပါးစပ်မှလဲ

"ငါမင်းကိုမုန်းတယ်"

မြေ့ဒီလိုဖြစ်လာမည်ကို ညတည်းက‌ကြိုစဉ်းစားပြီးသားပါ။ဒါပေမယ့် ဒီလိုမုန်းတယ်စကားကိုကြားရဖို့ထိတော့မထင်မိသား။တဆက်တည်းမှာပင် သူထားသွားမည်ကိုကြောက်သည့်စိတ်များ အလုံအလျားဝင်ရောက်လာသည်။ဒါပေမယ့်စကားလုံးကြမ်းများသာ ပြောထွက်မိနေသည်။

My Possessive Alpha is trying to knot me(Completed)Where stories live. Discover now