Part 10

26.1K 1.4K 64
                                    

အားလပ်ရက်နစ်ရက်က ဘယ်လိုကုန်သွားလဲမသိ ဂုဏ်ကျောင်းပြန်တက်နေရပြီ ဖြစ်သည် heat periodလဲပြီးသွားပြီမို့ စိတ်တွေလဲ လန်းဆန်းတော့သည် ငါးပေကိုးအရပ်နှင့် လိုက်ဖက်စွာ ဂျင်းဘောင်းဘီ ဒဲ့ပွအပြာရင့်ရောင်ကို pull overလက်ရှည် အနက်ရောင်နှင့် တွဲဖက်ဝတ်ထားပြီး Air force 1အဖြူကိုလဲ သေသပ်စွာ ဖိနပ်ကြိုးချည်လိုက်သည်

ရွှေရောင်ဂုတ်ထောက်ဆံပင်တို့ကိုတော့ ခါတိုင်းလို စည်းနှောင်မထားဘဲ ချထားသည်။

"ငွေ့လေးရေ သွားကြမယ်"

"ဟုတ် လာပြီကိုကို"

အပေါ်ထပ်‌မှ အသည်းအသန်ပြေးဆင်းလာသော ညီမလေးကြောင့် ဂုဏ် မနည်းဖမ်းလိုက်ရသည်။

"ဘာလို့ပြေးလာရတာလဲ ငွေ့လေးရယ် ကျားလိုက်လာတာလဲမဟုတ်ဘူး ချော်လဲမှဖြင့်"

"ဟီး ‌ကိုကိုကလဲ ဆူပါနဲ့တော့ သွားမယ်လေ လာလာ"

"ဒေါ်ကြီးရင်မြကော"

"ကြီးကြီးမြက အမေ့ကိုဆေးတိုက်နေတယ်"

ဒေါ်ရင်မြဆိုသည်မှာ ‌ဂုဏ်တို့မောင်နမ မရှိသည့်ချိန်တွင် မေမေ့အား စောင့်ရှောက်ရန် ငှားထားသည့် လူဖြစ်သည်။စိတ်ချရသောကြောင့် ဂုဏ်လဲ ဘာမှထပ်မပြောတော့။

"အော်အင်းအင်း လာဒါဆိုသွားမယ်"

ထို့နောက် စကူတာလေးအား နစ်ယောက်သားစီးကာ ကျောင်းသို့ထွက်လာကြတော့သည်။

ဂုဏ်တို့မောင်နှမ‌နစ်ယောက် ကျောင်းသို့ရောက်တာနဲ့ အတင်းအဖျင်းများက အရင်ကြိုဆိုနေလေသည်။

"ဟိုကောင်ပေါ့ ‌မြေ့ချီသွားတာ"

"အေးဟယ် ရုပ်နဲ့မလိုက် ကြာကူလီကောင်"

"နင်တို့ကလဲ ငါတော့ကြိုက်တယ် သူ့ပုံစံကခပ်ချေချေလေးပါပဲ"

"‌အဲ့လိုခပ်ချေချေတွေက ရွှေတူးကောင်တွေများတာနင်ဘာသိလို့လဲ"

ကြိုက်သူမကြိုက်သူတွေက ပြောနေသည့်စကားများကို ဂုဏ် နားမထောင်ပါ။လူသန်းပေါင်းများစွာရဲ့ပါးစပ်ကို ဂုဏ်လိုက်မပိတ်နိုင် ညီမလေးကတော့ အကျိုးအကြောင်းသိပြီးသားအတွက်မို့ သိပ်ရှင်းပြစရာမလို။

My Possessive Alpha is trying to knot me(Completed)Where stories live. Discover now